{1}

7.3K 491 18
                                    

ဒေါက် ဒေါက် ဒေါက် ဒေါက်

ကြွေဖြူ တွေခင်းထားတဲ့ သန်မံတလင်းပေါ် ဘယ်ညာညီညီ တချက်ချင်းနင်းလျှောက်လာတဲ့ shoe ဖိနပ်သံထွက်ပေါ်လာသည်နှင့် ခုနလေးတင် တတွတ်တွတ်နဲ့ဆူညံနေသည့် ပတ်ဝန်းကျင်တခုလုံး ချက်ချင်းငြိမ်ကျသွားသည်။

"အဆင်ပြေခဲ့လား Dr."

reception ရှေ့ခြေလှမ်းတွေရပ်တန့်လိုက်တော့ သူနာပြုကြီး Nam က နှုတ်ဆက်စကားဆိုတယ်

"ပြေတယ် Nam case တွေကုန်သလောက်ဖြစ်နေပြီမဟုတ်လား"

မနေ့ကမနက်ခင်းထဲကခရီးသွား car accident ဖြစ်ပြီးရောက်လာတဲ့ လူနာတွေကြောင့် ကျွန်တော်အပါအဝင် ဆရာဝန်များ ပျာယာခတ်အောင်အလုပ်ရှုပ်ကြရတာ surgeon ဆိုတော့ပိုဆိုး ၂၄ နာရီလုံးလုံးမနားတမ်းခွဲစိတ်ထားရတော့ လူကနွမ်းလှပြီ အရင်တညကလဲ သူများအစား night duty ကဆင်းပေးထားရသေးတော့ ကျွန်တော်အခုနားချင်လှပြီ

"Dr. နားတော့လေ ၂ ရက်ဆက်တိုင်တောင်ဖြစ်နေပြီ Dr.Park လဲရောက်နေပြီပဲ"

"Park Chanyeol ဘယ်တုန်းကမှရောက်တာလဲ"

"အဲ ခုနကမှ"

စိတ်ထဲတိုသွားသလို ကျွန်တော့်လေသံနဲနဲမာသွားတော့ Nam တောင်လန့်သွားသလိုလို ကျွန်တော့်လေသံလေးနဲနဲမာသွားတာနဲ့ အားလုံးလန့်ဖျန့်သွားတတ်တာ ဝသီလိုဖြစ်နေကြပြီ။

Park Chanyeol မင်းတော့သေပြီမှတ်

စိတ်ထဲကကျိန်ဆဲလိုက်ရင်း Chanyeol ရှိမည့် နားနေခန်းဆီအမြန်သွားလိုက်တယ်

"Park Chanyeol!!"

အပေါက်ဝဘက်ကိုကျောပေးပြီး အခုမှ Juty Coat အသဲအသန်ဝတ်နေတဲ့ Chanyeol တယောက် လန့်ပြီးတုန်ကနဲ

"ဟီး ဟီး wuri doctor ကြီး အရမ်းပင်ပန်းနေပြီလား ဟယ် မျက်တွင်းတွေလဲမဲလို့"

"အပိုတွေမပြောနဲ့ တိတ်စမ်း night jutyလေးတညပဲအစားဝင်ပေးပါဆိုပြီး မနေ့ကတနေ့လုံးရော ခွင့်မတိုင်ဘဲ ဘယ်ပျောက်နေရတာလဲ"

မျက်နှာထားနဲ့လေသံကို တချက်မှမလျော့ဘဲ မေးမှ မျက်နှာပိုးပြန်သတ်ပြီး

"ငါခရီးလွန်သွားလို့ပါကွာ တောင်းပန်ပါတယ်နော်"

Chanyeol နဲ့ ကျွန်တော် သက်တူရွယ်တူ ဆေးကျောင်းတတ်စဉ်ကာလတလျောက်လုံး အတူတူတတ်ခဲ့တဲ့သူငယ်ချင်းတွေမို့ ရင်းနှီးစွာ မင်း နဲ့ ငါ ဆက်ဆံကြသည်မှာမှန်သော်လည်း လုပ်သက်အားဖြင့် ကျွန်တော်ကဝါကြီးသည်
ဒီဆေးရုံမှာဆို ကျွန်တော်က Senior သူက Junior
တနှစ်လောက်အလေလိုက်ပြီးယောင်ဝါးဝါးလုပ်ခဲ့တဲ့ Chanyeol အပြင်မှာဆို ကျွန်တော့်ကိုအမြင်ကပ်ကြောင်းတွေခနခနပြောတတ်ပါရဲ့။

စွန်Where stories live. Discover now