"လာ အိပ်ရာပေါ်လာလှဲ"
ကလေးတယောက်ကိုဆူပူနေသလို မျက်မှောင်ကိုကြုံ့ လေသံမာဆတ်ဆတ်ဖြင့် ကုတင်ပေါ်မှလက်ယက်ခေါ်နေသော Han ကိုအထွန့်မတတ်ရဲစွာ သူထိုင်နေရာဘေးဝင်ထိုင်တော့
"ရော့ ဒီအနွေးထည်လဲထပ်ဝတ်ထား"
လှဲချတော့ဟန်ဆဲဆဲခန္ဓာကိုယ်ကိုပြန်မက်ပြီး သူရွေးထုတ်ပေးထားသော အနွေးထည်အသားရောင်လေးကိုအသာတကြည်ထပ်ဝတ်လိုက်တယ်
"ကဲ ရပြီလား Han"
"မရပါဘူး အခုလှဲနေလိုက် အဖျားတိုင်းရဦးမှာ thermometer ဘယ်မှာလဲ"
ပြောပြောဆိုဆို ကုတင်ပေါ်ကလှစ်ကနဲပြေးဆင်းကာ ဆေးသေတ္တာထဲက thermometer ကိုယူပြီးပြန်ရောက်လာတယ်
"ပါးစပ်ဟ ရော့"
သူလုပ်ချင်ရာလုပ်ပါစေဟူ၍ Han ပြောသည့်အတိုင်းသာလိုက်နာပေးနေလိုက်တယ် မဟုတ်ရင် ဆူပူနေတာနဲ့နားပူရဦးမည်မဟုတ်လား
"အဖျားက 102 တောင် အဲဒါကြောင့် မနက်ထဲကပြောတယ် နေမကောင်းဘဲမသွားနဲ့ဆိုတာကို သူများပြောစကားဆိုဘယ်တော့မှနားမထောင်ဘူး အခုဖြစ်တော့ဒီလူကပဲစိတ်ပူရတယ် Hun မင်းဟာလေ"
ဆရာဝန်ကို ဆရာပြန်လုပ်နေသော Han ကိုစိတ်မရှည်တော့စွာ လက်မောင်းရင်းကဆွဲလိုက်ပြီး ဘေးဘက်မှာလှဲအိပ်စေလိုက်တယ်
"လူကဖျားလို့ ခေါင်းကိုက်နေပါတယ်ဆို Han ကနားပူပြီးပိုကိုက်အောင်လုပ်နေတာလား"
အဖျားရှိန်နဲ့ပူကျစ်နေတဲ့ မျက်လုံးတို့ကိုစုံမှိတ်ရင်း Han ကိုရင်ခွင်ထဲဆွဲသွင်းမိတယ်။သူအဖျားတွေကူးသွားမှာကို မလိုလားပေမယ့် နှစ်ရှည်လများ တစ်ယောက်ထဲနေမကောင်းဖြစ်ချိန်ဆို လိုအပ်နေတတ်တဲ့ ဟာတာတာရင်ခွင်က ချစ်ရသူကို ရင်ထဲဆွဲထည့်ထွေးပွေ့နေဖို့သာ တောင့်တတယ်။
တင်းကြပ်ပြီးလှုပ်မရအောင် ဖက်ထားတာကို ခနသာငြိမ်ခံပြီး အခုတော့တလှုပ်လှုပ်ဖြစ်လာပြန်တဲ့ Han
"Hun ဒီအတိုင်းမအိပ်လိုက်နဲ့ ဆေးသောက်ဦး ခနဖယ် ဆေးယူပေးမယ်"
"ငြိမ်ငြိမ်လေးနေစမ်းပါ Han ရယ် ဘာဆေးမှမလိုဘူး Han ပဲရှိနေပေးရင်ဖြစ်တယ် ကိုယ်မင်းကို အရမ်းလိုအပ်နေခဲ့တာ"