"ခနနေရင် Chanyeol ရောက်လာလိမ့်မယ် သူနဲ့အိမ်မှာပဲနေနော် ဘယ်မှလျှောက်မသွားနဲ့ ကိုယ်ဖုန်းလှမ်းဆက်မယ် ဆေးရုံရောက်တာနဲ့ ကိုယ်ပေးထားတဲ့ phone ရော?"
"အဲ အဲဒါက အော် အိပ်ရာဘေးမှာ"
"Han ကိုယ်နဲ့မကွာဆောင်ထားပါဆိုမှ ပြီးရော phone ကိုသွားယူထားနော်"
"အင်းပါ Sehun ရယ် သွားပါတော့ နောက်ကျတော့မယ်"
ခွင့်ရက်တွေကုန်လို့ အလုပ်ပြန်ဆင်းရမယ့် Sehun တယောက် အိမ်တံခါးပေါက်ကနေ မပြီးနိုင်မစီးနိုင် စိတ်မချနိုင်စွာ Han ကိုမှာတမ်းခြွေနေတာတော်တော်ကြာနေပြီ
Sehun ခွင့်ယူထားတဲ့အတောအတွင်း သူနဲ့ Han ဆက်ဆံရေးက တခါတလေ ဆရာဝန်နဲ့လူနာလို တခါတရံကျ သူငယ်ချင်းလို ညီအကိုလို ရံဖန်ရံခါကျ အတူနေချစ်သူတွေလို။
ဘယ်လိုစကားမျိုးနဲ့မှ စည်းကျော်အောင် Sehun မပြောတတ်ပေမယ့် Han က သူဆန္ဒရှိရင် သူလိုချင်သလို ပုံစံခွက်မျိုးထဲ Sehun ကိုရအောင်ဆွဲသွင်းသွားတတ်တာ။
တခုခုဆို Sehun ကဦးဆောင်က လုပ်ပြတတ်ပေမယ့် Han အဖြေတခုအပေါ်မှာပဲ အရာရာပြောင်းလဲတတ်ခဲ့တာ သူတို့နှစ်ယောက်လုံးအသိဆုံး ဆိုတော့ Sehun ရဲ့စိတ် Sehun နှလုံးသားကိုလဲ ဖွင့်ပြောစရာမလိုအောင် Han သိနေမှာအသေချာပေ Han ရင်ထဲဘာရှိနေမလဲဆိုတာကတော့ ကာယကံရှင်ကလွဲပြီး ဘယ်သူသိနိုင်မတဲ့လဲ။"ဒါဆို ကိုယ်သွားပြီနော်"
Han ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း Sehun နှုတ်ဆက်သွားတော့မှ အခုမှပြီးပါရောဟူ၍ Han သက်ပြင်းချလိုက်တယ်။
"အဲ့လိုတွေလုပ်နေတာနဲ့ နောက်ကျနေပြီ Hun ကတော့"
ခေါင်းခါရင်း အပြုံးတခုနဲ့ Luhan တယောက်ထဲရေရွတ်လိုက်မိတယ်
မနေ့ကမှ Sehun နဲ့အတူသွားဝယ်ထားတဲ့ Phone အသစ်ဆက်ဆက်လေးကို Luhan သတိတရ အိပ်ခန်းထဲကသွားယူပြီး screen ကိုဖွင့်ကြည့်တော့ စာအုပ်ဖတ်နေရင်းကသူ့ကိုကြည့်ပြီးပြုံးပြနေတဲ့ Sehun ဓာတ်ပုံလေး။
သူဖုန်းကလိသလိုလိုနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ Sehun မသိအောင်ခိုးရိုက်ထားရတာ ဖုန်းကြီးကိုထောင် မျက်မှောင်ကိုကျုံ့ရင်းက