{3}

3.5K 412 39
                                    

"လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကပေါ့~~
သူတို့သားအမိနှစ်ယောက် ခရီးတိုလေးတခုထွက်ကြတယ်
အင်းးး ဆရာသိသလောက်တော့ ကောင်လေးစိတ်အပြောင်းအလဲဖြစ်အောင် သူ့အမေက သွားဖို့စီစဉ်တာ
ကောင်လေးကိုယ်တိုင်မောင်းလာတဲ့ကားက စည်းကမ်းမရှိမောင်းလာတဲ့ Truck ကားတစ်စီးနဲ့တိုက်မိပြီး accident အကြီးကြီးဖြစ်သွားတယ် ကံမကောင်းစွာပဲ အဲ့ကလေး အမေက ပွဲချင်းပြီးဆုံးသွားရှာတယ်"

"ဒီကောင်လေးလဲ coma ဖြစ်နေတာတနှစ်လောက်နေမှ သတိရလာတာ အခုအခြေအနေကတော့ အားလုံးမြင်တဲ့အတိုင်းပဲ သူ့အတိတ်ကိုလဲရေရေရာရာမမှတ်မိတော့ဘူး သူသတိရရချင်းမှတ်မိတဲ့ သူအတွယ်တာဆုံး သူ့အမေကလဲသူ့ဘေးမှာမရှိတော့ဘူး သူ့နားမှာ သူလိုအပ်နေတဲ့အချိန်မှာ သူ့ဘေးမှာအားကိုးစရာ တယောက်ဆို တယောက်မှမရှိဘူး အဲ့တော့ စိတ်အားငယ်နေတဲ့လူနာတယောက်အနေနဲ့ depression ထပ်ဝင်တယ် အရင်ကဆို သူ့ကိုယ်သူမကြာခဏ ထိခိုက်အောင်လုပ်တယ် အခုတော်တော်ပြန်ကောင်းလာတာလို့ဆိုရမယ် ဒါပေမယ့်သူလူတွေကိုကြောက်နေသေးတယ်"

နားထဲထပ်ခါထပ်ခါပြန်လည်ကြားယောင်မိနေတဲ့ ဆေးရုံအုပ်ကြီးရဲ့ Han အကြောင်းရှင်းပြသံတွေက ကျွန်တော့်စိတ်ထဲနောင်တ တရားတွေကို တဖြေးဖြေးချင်းဆွဲယူလာစေတယ် ကျွန်တော် Han ကိုလက်လွတ်စပယ်ပစ်ထားခဲ့မိတယ်

တခါလေးတောင်ယောင်လို့ Han အကြောင်းမစုံစမ်းခဲ့မိဘူး
တကြိမ်လေးတောင်ယောင်လို့ အလွတ်ရနေတဲ့ Han ဖုန်းနံပတ်ကိုမဆက်သွယ်ခဲ့မိဘူး
တစွန်းတစလေးတောင် မကြားခဲ့ရတဲ့ Han သတင်းတွေကိုသတိရပါချည်ရဲ့ လွမ်းဆွတ်လှပါချည်ရဲ့ဆိုပြီး Han ကိုလိုက်ရှာခဲ့ခြင်း အဝေးကပဲဖြစ်ဖြစ်စောင့်ကြည့်နေခဲ့ခြင်းတွေမလုပ်ခဲ့ဘူး

ကျွန်တော့်အတ္တတခုထဲအတွက် မဟုတ်ဘူး ဘာမဟုတ်တဲ့ ကျွန်တော့်ရဲ့ရူးကြောင်ကြောင်အတွေးတွေအတွက်နဲ့ ကိုယ်လွတ်ရုန်းသလို Han ကိုထားရစ်ခဲ့ပစ်တာ
ကျွန်တော်သိပ်တကိုယ်ကောင်းဆန်လွန်းခဲ့တာပဲ

ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်ကျောင်းစာတွေ အလုပ်တွေနဲ့ချုပ်နှောင်ကြိုးစားနေခဲ့ချိန်မှာ Han ကတော့ ဘဝတစ်ဆစ်ချိုးမှာ အဆိုးရွားဆုံးသော အဖြစ်အပျက်တွေကြုံခဲ့ရတယ်
အဲ့အချိန်တွေမှာ Han ဘယ်လောက် နာကျင်နေရမလဲ အထီးကျန်ဆန်နေရမလဲ ကူညီစရာ အားကိုးခင်တွယ်စရာမရှိဘဲ သူလေးဘယ်လောက်တောင် ခံစားခဲ့ရရှာမလဲ

စွန်Where stories live. Discover now