Ting~~
မီးဖိုချောင်ထဲဝယ်လာတဲ့ ပစ္စည်းတွေကို ရေခဲသေတ္တာထဲထည့်စရာရှိတာထည့် ညနေစာချက်ဖို့ပြင်ဆင်စရာရှိတာတွေ စားပွဲပေါ်အဆင်သင့်ထားရင်းအလုပ်ရှုပ်နေတုန်း အိမ်တံခါး bell သံကြားသည့်နှင့် စားပွဲပေါ်မေးလေးထောက်ကာ ကျွန်တော်လုပ်သမျှ ထိုင်ခုံနှင့်ကျကျနနထိုင်ကြည့်နေသည့် Han ကိုပဲ မခိုင်းချင်သော်ငြား အင်းး မခိုင်းရက်တာဆိုပိုမှန်မည်ထင်တယ်
"Han ဘယ်သူလာလဲသွားကြည့်ပေးပါလား"
ဟုအကူအညီတောင်းမိတော့
"အင်း"
ဟုတခွန်းသာပြောကာ ပျော်ရွှင်နေလို့ မြောက်ကြွ မြောက်ကြွ ဖြစ်နေသည့် ဟန်နှင့် ခြေကို ခုန်ဆွခုန်ဆွ လျှောက်လှမ်းရင်း တံခါးပေါက်ကနေသွားကြည့်သည်
"Sehun~~ Dr.Kai ရောက်နေတာ တံခါးဖွင့်ပေးလိုက်ပြီနော်"
နောက်ဖေးက ကျွန်တော်ကြားအောင် ခပ်စူးစူးကျယ်ကျယ်လေး လှမ်းအော်နေတဲ့ Han အသံလေးကြောင့် သဘောကျမှု ရင်ထဲကလိကလိ ဖြစ်မှုကိုမထိန်းနိုင်စွာ အသံထွက်အောင်တချက်ရီမိတယ်
"နေကောင်းတယ်နော် Luhan"
"ဟုတ် Luhan က Dr. တို့ကိုမျှော်နေတာ"
"ဟုတ်လား Sehun ကြီးနဲ့နေရတာ ပျင်းနေလို့လား"
"ဟင့်အင်း အဲ့လိုလဲမဟုတ်ပါဘူး"
တယောက်တခွန်း အပြန်အလှန် စကားပြော နှုတ်ဆက်နေတဲ့ အသံတွေနားထောင်ပြီး Han လူတိုင်းနှင့် တရင်းတနှီးနေတတ်လာတာလေးကို ဝမ်းမြောက်ရပြန်တယ် အဲ ဒါပေမယ့် နဂိုထဲက သူတို့နဲ့ကျ ရင်နှီးပြီး အခုမှကျွန်တော့်ကိုခင်တွယ်လာတာမဟုတ်လား
"Sehun ကအနောက်မှာ လာလေ Dr."
"Dr. လို့မခေါ်ပါနဲ့တော့ Luhan ရယ် သူငယ်ချင်းလို Kai လို့ပဲခေါ်တော့ ဒါဆေးရုံလဲမဟုတ်တော့ဘဲနဲ့"
Han ခေါင်းညိမ့်ပြလိုက်လားတော့မသိ ပြန်ဖြေသံတော့ဘာမှမကြားရ
"Sehunnie ဒီမှာ ငါစားစရာတွေဝယ်လာသေးတယ်"
"ဘာလို့ဝယ်လာတာလဲ ငါတို့လဲဈေးသွားထားသေးတာ များကုန်ပြီ"