"အာာာ"
ထမင်းပျော့ပျော့လေးကို ဇွန်းဖျားလေးမှာ အသာခပ်ကျွေးတော့ Han က နှာခေါင်းတချက်ရှုံ့ရင်း မျက်နှာလွှဲတယ်
"စားပါ Han ရဲ့ အစားစားမှအားရှိမှာ"
ကျွန်တော့်စကားကိုမကြားဟန်ပြုရင်း ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေတဲ့သူ့ကြောင့် ထမင်းဘယ်လိုဝင်အောင်ကျွေးရမလဲ အခက်တွေ့ပြန်တယ် Han က ကျွန်တော်ကျွေးရင်ဘယ်တော့မှမစားတာလဲ ပြသနာတစ်ခု
ဒီတော့လဲ ထုံးစံအတိုင်း Chanyeol ကိုခေါ်ရပြန်တယ်
Han က သူကျွေးမှစားတာလဲ အကျင့်တခုလိုဖြစ်နေပါရောလား"deer ထမင်းမစားပြန်ဘူးဆို"
အခန်းထဲလူအရင်မရောက်သေးပေမယ့် အပြင်က အော်ရင်းဝင်လာတတ်တဲ့ Park Chanyeol
Chanyeol အသံကြားသည်နှင့် မပီမပြင်အပြုံးလေးနဲ့ မျက်လုံးလေးတွေ လက်ခနဲအရောင်တောင်လာတတ်တဲ့ Han
ကျွန်တော့်ကိုဆို ပြုံးရီပြဖို့မဆိုနဲ့ မျက်လုံးချင်းဆုံအောင်တောင် စိုက်မကြည့်တတ်တဲ့ Han
အခုချိန်ထိလဲ စကားတခွန်းတောင်မလိုရင် မလိုသလို ပြန်မပြောသေးတဲ့ Han
အချိန်ပြည့်နီးပါး ဘေးမှာနေပေးတဲ့ ကျွန်တော့်ထက် ထမင်းလေးလာကျွေးရုံ ညနေသူအိမ်မပြန်ခင်လေးလာတွေ့ စကားပြောရုံလုပ်တတ်တဲ့ Chanyeol ကိုဘာကြောင့် ဒီလောက်မြန်မြန်ခင်တွယ်သွားသလဲ နည်းနည်းလေးတောင်စဉ်းစားမရပေခက်တယ် Han ရယ် ကိုယ့်အတွက်တော့ Han နဲ့ပတ်သတ်သမျှအရာအားလုံးဟာ အချိန်တိုင်းခက်နေတော့တာပဲ
"Sambaenim အဲ့လိုကြီး မျက်မှောင်အမြဲကျုံ့ထားမှတော့ deer ကကြောက်နေတော့မှာပေါ့ နော် သမင်လေး"
Han ကိုထမင်းခွံ့ရင်းက ရွှတ်နောက်နောက်နဲ့ Chanyeol ပြောမှ သက်ပြင်းကို ဟင်းကနဲချရင်း မျက်နှာကြောကိုလျော့ဖြစ်တယ်
"Dr.Oh လူနာအရေးကြီးလို့"
သူနာပြုအုပ်ကြီး Nam ကိုယ်တိုင်လာခေါ်ပုံထောက်ရင် တော်တော်အရေးကြီးမှန်းရိပ်မိတာကြောင့်
"Han ကိုယ်ခနသွားလိုက်ဦးမယ်နော် Chanyeol ငါစိတ်ချပါရစေ"
"မချနဲ့ဟေ့ မချနဲ့ တကယ်ပဲပိုရန်ကော"