{10}

2.2K 311 51
                                    

"Sehun Sehun"

ပခုံးကိုဖွဖွလေးတို့လှုပ်နှိုးနေသော မပီမပြင်အထိအတွေ့လေးရယ် နားနားကပ်ခေါ်နေသံလေးရယ်ကြောင့် လေးပင်နေသေးသော မျက်လုံးတွေကိုအားယူဖွင့်ဖို့ကြိုးစားကြည့်တယ်

"Sehun နိုးရင်ထတော့ ဖုန်းတွေလာနေတာကြာပြီ"

"ဟင် ဟုတ်လား"

အရက်ရှိန်ကြောင့်မပွင့်နိုင်သေးတဲ့မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ပွတ်ဖွင့်ရင်း သေချာကြည့်တော့ ပက်လက်အိပ်နေသော ကျွန်တော့်မျက်နှာတည့်တည့်မှာ ပြူးကြောင်ကြောင်လေး စိုက်ကြည့်နေသော Han ရဲ့အရောင်တလက်လက်မျက်ဝန်းတွေ

"အာ့ ညောင်းနေပြီနော် Sehun shi"

တမင်အသံထွက်အောင် Han ညီးညူ ပြတော့မှ ဇက်ခနဲ့ကောက်ထရင်း

"ကိုယ် တညလုံး Han ပေါင်ပေါ်အိပ်ပျော်သွားခဲ့တာလား ဟာ sorry ပါ Han ရာ ခြေထောက်တွေညောင်းနေပြီ ကိုယ့်ကိုနှိုးတာမဟုတ်ဘူး Han ရယ်"

"နိုးမှမနိုးတော့ဘဲနဲ့"

နှုတ်ခမ်းချွန်ချွန်လေးကို စူရင်းပြောတော့ ကျွန်တော့်မှာ ပြုံးချင်တာကတမျိုး အားနာရတာကတဖုံ

"ဖုန်းတွေ အများကြီးဝင်နေတယ် ကြည့်လိုက်ဦး"

Han သတိပေးစကားကြားမှ စားပွဲပေါ်ပစ်တင်ထားတဲ့ ဖုန်းကိုယူတော့ တပြိုင်နက်ဝင်လာတဲ့ call က Chanyeol ဆီက

"Hello"

"Dr.Oh မင်းလာမှဖြစ်မယ် ဒီမှာ ခွဲစိတ်ရမယ့်လူနာက မင်းနဲ့အရင်ကပြထားဖူးတာတဲ့ သူ့အခြေအနေက ငါနဲ့အဆင်မပြေနိုင်ဘူး အခုချက်ချင်းလာခဲ့ပေးပါ Sehun"

အတုန်တုန်အရင်ရင် တရက်စပ်ပြောသွားတဲ့ Chanyeol အသံက တယောက်ထဲပြာယာခက်နေတာအသေချာ

"ငါအခုပဲလာခဲ့မယ်"

ဖုန်းကိုချပစ်ပြီး အမြန်ရေချိုးခန်းထဲပြေးဝင် မျက်နှာတချက်သစ်ရင်းက

"Han အဝတ်အစားလဲထားနော် ကိုယ်နဲ့လိုက်ခဲ့ရမယ်"

တယောက်ထဲ Han ကိုမထားရက်ခဲ့တာကြောင့် လောလော လောလောလုပ်ရင်း လှမ်းအော်ပြောရတယ်

စွန်Where stories live. Discover now