{13}

2.4K 311 34
                                    

night duty ထွက်ပြီးသော်ငြား Chanyeol တယောက် မပြန်နိုင်သေးဘဲ Jong In ရှိရာ ward ထဲ၌ ယောင်လည်ယောင်လည်လုပ်ရင်း day duty လာဆင်းမယ့် Jong ကိုစောင့်ဆိုင်းနေတာ ခြေတောင်ညောင်းချင်နေပြီ

သူ့နားထဲမှထပ်ခါထပ်ခါကြားယောင်နေမိတဲ့ Luhan ရဲ့ 'မင်းအချိန်တွေဆွဲနေလို့' ဆိုတဲ့စကားတစ်ခွန်းက Jong စိတ်ရှင်းရှင်းနဲ့လက်ခံလာမယ့်နေ့ကိုစောင့်မယ်ဆိုတဲ့သူ့ဆုံးဖြတ်ချက်ကို လျော့ရဲရဲဖြစ်လာစေတယ်။Jong ကိုသူအခုပင် သူ့အပိုင်ပါဟုတံဆိပ်ကပ်ချင်နေလှပြီ။Park Chanyeol တို့စိတ်မရှည်ကြောင်း Jong သိသင့်ပါပြီလေ။

"Jong Innie"

ဖြေးဖြေးမှန်မှန် သူ့လူနာတွေကိုနှုတ်ဆက်ရင်း သူ့ရုံးခန်းဆီလျှောက်လာတဲ့ Jong In ကိုမြင်တာနဲ့ အရင်နဲ့မတူ သူ့နှလုံးခုန်သံတွေက ပုံမှန်ထက်ပိုကာ တဒိတ်ဒိတ်နဲ့

"Chan ဘာလုပ်နေတာလဲ"

မကျယ်တကျယ် စကားဖွင့်ပြောလိုက်တဲ့ Jong နှုတ်ခမ်းဖူးဖူးထူထူတို့ကိုမြင်တော့ Chan အလိုအလျောက်နှုတ်ခမ်းသပ်မိသား

"ဘာလုပ်နေတာလဲလို့မေးနေတယ်လေ မင်း duty ပြီးလို့ပြန်ရမယ့်အချိန်မဟုတ်ဘူးလား"

ဆူပူသလိုပြောတဲ့ အသံလေးကလဲဒီနေ့မှပဲပိုချိုသယောင်ယောင်

အခုမှအိပ်ရာထလာတာကြောင့် ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေသော ပါးပြင်တို့နဲ့ စူးရှရှအကြည့်များနှင့်အမြဲကြည့်တတ်သော မျက်ဝန်းတို့က မို့မို့အစ်အစ်လေး နမ်းပစ်ချင်စရာ။

"Shitt ငါဘာတွေဖြစ်နေပါလိမ့်"

လွန်လွန်ကြူးကြူးတွေစိတ်ကူးယဉ်နေသော ကိုယ့်ကိုကိုယ်ကျိန်စဲမေတ္တာပို့မိပြီး အခုထိ Jong အမေးတွေမဖြေဖြစ်သေး

"နေမကောင်းဘူးလား Chan မျက်နှာတွေရော နားရွက်တွေရောရဲနေတယ်"

နှဖူးပေါ်ရောက်လာတဲ့ လက်ချောင်းရှည်သွယ်သွယ်တို့ကိုအမိအရလှမ်းဆုပ်ကိုင်လိုက်တော့ အနည်းငယ်လန့်သွားပုံရတဲ့ မျက်လုံးကျယ်ကျယ်တို့က Chanyeol ကိုညှို့ယူနေသလို

"ကိုယ်တကယ်ရူးတော့မယ်ထင်တယ် Jong ရယ်"

"ဘာ ဘာကိုလဲ"

စွန်Unde poveștirile trăiesc. Descoperă acum