Part-3

8.3K 679 48
                                    

မျက်​ခွံကပိတ်​​နေ​ပေမယ့်​ မျက်​ခွံ​ပေါ်ကျ​ရောက်​လာတယ့်​ အလင်းကို​တော့ သတိရှိ​နေတယ့်​အတွက်​သိနိုင်​တယ်​​လေ...

ဒါ​ပေမယ့်​ အဲ့ဒိအလင်းက ကွယ်​လိုက်​​ပျောက်​လိုက်​ဖြစ်​​နေတယ်​...​နေထိုး​နေတယ်​ဆိုဦး​တောင်​ ​နေ​ရောင်​က ခဏခဏကွယ်​လိုက်​​ပျောက်​လိုက်​နဲ့ ထိုးပါ့မလား...

" က​လေးရဲ့ ကိုကိုက ရမ်း​ချောတာဘဲ..."

ဒါက က​လေးရဲ့အသံ...
နေပါဦး...ကျ​နော့်​အိပ်​ယာက လှုပ်​စိစိနဲ့...
ဒီက​လေးဘာ​တွေလုပ်​​နေပြန်​ပီလဲ...

ကျ​နော်​ မျက်​လုံးကို အပြည့်​မဖွင့်​ဘဲ သာသာ​လေးဖွင့်​ပြီးပြန်​ပိတ်​လိုက်​သည်​....က​လေးမသိလိုက်​...

ဘယ်​သိမလဲ? ကိုယ်​​တော်​က ကျ​နော့်​ရဲ့ ဟိုဘက်​​ဘေးဒီဘက်​​ဘေး လက်​​ထောက်​ကာ ကျ​နော့်​ကို အုပ်​မိုးလျက်​ နှုတ်​ခမ်းကို ရန်​ရှာဖို့်​ကြိုးစား​နေ​သည်​​လေ...

ခေါင်း​လေးကို ဟိုဘက်​​စောင်းလိုက်​ ကပ်​လာလိုက်
ဒီဘက်​​စောင်းလိုက်​ ကပ်​လာလိုက်​ မျက်​​မှောင်​ကြုတ်​ ကာပြန်​ခွာသွားလိုက်​နဲ့...​စော​စောစီးစီးအလုပ်​ရှုပ်​​နေ​သော က​လေး...
သူအဲ့လိုလုပ်​​နေလို့ ​နေ​ရောင်​က မျက်​နှာ​ပေါ် ကျလိုက်​မကျလိုက်​ဖြစ်​​နေတာ...

"ဟိတ်​!! "

နောက်​တကြိမ်​ သူကပ်​လာတယ့်​အချိန်​မှာ
ကျ​နော်​​ခြောက်​လိုက်​ကာ သူ့ကိုယ်​လုံးကို တပတ်​လှိမ့်​ချလိုက်​​တော့ ကျ​နော်​​အောက်​​ရောက်​သွားတယ့်​ က​လေးက မျက်​လုံးကို စုံညှစ်​ပြီးမှတ်​ထားလျက်​...

"ဘာ​တွေ ခိုး​ချောင်​ခိုးဝှက်​လုပ်​​နေတာလဲ?...မှန်​မှန်​​ပြော "

မျက်​လုံး​လေးတလုံးဖွင့်​သည်​..
ပြီးမှ ​နောက်​တလုံးဖွင့်​သည်​..
နှုတ်​ခမ်း​လေးကတချွန်​ချွန်​နဲ့ ​ပြောသည်​က...

" အဟီး...က​လေး...ကိုကို့ကို နမ်းမို့"

မှန်​မှန်​​ပြောဆို​တော့လည်း အမှန်​အတိုင်း​ပြောသည်​...သူ့အသံ​လေးနား​ထောင်​ပြီး သူ့မျက်​နှာ​လေး​ငေး​နေမိတယ့်​ကျ​နော်​က အရူးတစ်​​ယောက်​လို စိတ်​အစဉ်​ကမတည်​ငြိမ်​​တော့...

ကိုကို့ကလေးလေးWhere stories live. Discover now