Part-9

5.5K 469 43
                                    

Boss ရဲ့အ​ရေးတကြီး ဖုန်းဆက်​​ခေါ်မှု​ကြောင့်
ကျ​နော်​ ချိန်းထားတယ့်​​နေရာကို ချက်​ချင်းဘဲထွက်​လာခဲ့လိုက်​တယ်​...

"ကျ​နော်​​ရောက်​ပါပြီ "

Boss က ကျ​နော့်​နားကို မြန်​မြန်​​လျှောက်​လာပြီးရပ်​ကာ ​မေးသည်​...

"Oh sehun!! မင်းဆီမှာ​ရောက်​​နေတယ့်​ ​ကောင်​​လေးက Luမိသားစုက သားဆို? "

ကျ​နော်​ အလန့်​တကြား Bossကို​မော့ကြည့်​မိလိုက်​သည်​...Boss က ​လည်ပင်း​​ကြောများ​ထောင်​​နေ​အောင်​ အံကိုကြိတ်​ထားကာ ဆက်​​ပြောသည်

"ငါ​မေး​နေတာ​ဖြေ​လေ!! "

"Boss...ဘယ်​လို...သိသွားတာလဲ? "

" ဒါဆို အမှန်​ဘဲ​ပေါ့!...ငါ့ကိုဖုံးကွယ်​ထားလို့ရမယ်​ထင်​​နေတာလား?Sehun!!...မင်းငါ့ကိုသစ္စာ​ဖောက်​ဖို့ကြံ​နေတာလား?"

" မဟုတ်​ပါဘူး!!"

"ဒါဆို..မင်းအဲ့​ကောင်​​လေးကို ဘာလို့​ခေါ်​မွေးထားတာလဲ?...အဲ့​ကောင်​​လေးကို ​မ​တွေ့​တွေ့​အောင်​ ရှာပြီးသတ်​ပစ်​ရမယ့်​အ​ခြေအ​နေမှာ မင်းဘာလို့သူ့ကိုဖွက်​ထားတာလဲ? "

"Boss!!luhan က အရမ်းငယ်​​သေးတယ်​...သူကဘာမှမသိနားမလည်​တယ့်​ က​လေးပါ!! "

ကျ​နော်​ တခါမှ ပြန်​မ​အော်​ဖူးတယ့်​​လေသံနဲ့
Bossကို​ဖြေလိုက်​​တော့ Bossကအံ့သြကာ

" sehun!!မင်းဘယ်​အချိန်​ကများ အသက်​အရွယ်​​တွေငဲ့ညာတတ်​သွားတာလဲ?ဟမ်​!!!ငါတို့အလုပ်​က အသက်​ကြီးကြီး ငယ်​ငယ်​ ဘာဘဲဖြစ်​​နေ​နေ သတ်​ပစ်​ရမယ့်​လူဆို သတ်​ကိုပစ်​ရမှာဘဲ ကွ!!! မင်းနားလည်​လား?!!!!"

Boss ကတ​ဖြေး​ဖြေး​ဒေါသထွက်​လာပြီး
ဂို​ထောင်​တခုလုံးဟိန်း​နေ​အောင်​​အော်​​တော့သည်​...

"မင်း အဲ့က​လေးကို သတ်​ပစ်​ပါ...​ငါတို့လုပ်​ခဲ့တယ့်​ကိစ္စ​တွေကို အဲ့က​လေးက ​ဖော်​လိမ့်​မယ်​!!ငါတို့လုပ်​ခဲ့သမျှ အားလုံးသဲထဲ​ရေသွန်​ဖြစ်​လိမ့်​မယ်​!!အခုဆို သူ​ဌေးက ငါ့ကိုအကြွင်းမဲ့ယုံကြည်​​နေပြီ...ဘာမဟုတ်​တယ့်​က​လေး​ကြောင့်​ ဂိုဏ်းကိုအထိခိုက်​မခံနိုင်​ဘူးsehun!!! "

ကိုကို့ကလေးလေးWhere stories live. Discover now