Part-5

7K 600 28
                                    


"ကိုကို့ကို ခွင့်​လွှတ်​​ပေးပါ....က​လေး.... "

"ဒိုင်း!!!!! "

_

_

"ဟင့်​အင်း!!!!!!ကိုကို!!!!!!!! "

"ကိုကို​ရေ!!!!ကိုကို!!!!!ကိုကို ဘယ်​မှာလဲ!!!!!! "

ကျ​နော်​ အိမ်​ထဲဝင်​ဝင်​ချင်း က​လေးရဲ့ ​အော်​ငို​နေသံကိုကြားလိုက်​တာ​ကြောင့်​ ရင်​ထဲဝယ်​ ဒိန်းကနဲ!!!!

ဝယ်​လာတယ့်​ အစားအ​သောက်​ဘူး​တွေကို ပစ်​ချကာ အခန်းထဲအမြန်​ဝင်​ကြည့်​​လေ​တော့
ကုတင်​​ပေါ်တွင်​ မျက်​ရည်​အရွှဲနဲ့ ငို​နေ​သော က​လေး....

"က​လေး! "

ကျ​နော့်​ကိုမြင်​မြင်​ချင်း ရင်​ခွင်​ထဲ​ပြေးလာတယ့်
က​လေးငယ်​ဟာ ​ချွေး​တွေရွှဲကာ တကိုယ်​လုံးတဆတ်​ဆတ်​တုန်​​နေလျက်​....

"ဘာဖြစ်​လို့လဲ?ဟမ်​!!...ဘာဖြစ်​လို့လဲလို့!! "

ကျ​နော်​စိတ်​ပူတာ​ကြောင့်​ အ​လောတကြီး​​အော်​​မေးလိုက်​မိတယ်​...
သူက ကျ​နော့်​ကိုယ်​ကိုဖက်​ထားလျက်​ကပင်
အော်​ငို​နေဆဲ...

"ဘယ်​မှမသွားပါနဲ့!!!​က​လေး ကိုမထားခဲ့ပါနဲ့....ကိုကို!!!!Jalpa!!!! "

သူအိပ်​​ပျော်​သွားလို့ ခဏထားခဲ့ကာ
အပြင်​ကို စားစရာဘဲ ထွက်​ဝယ်​တာပါ...
ဒီက​လေး ဘာ​တွေဖြစ်​​နေပါလိမ့်​...

သူ့ကိုယ်​လုံးကို က​လေး​တွေ​ပွေ့သလို
ကုတင်​​ပေါ် ​ပွေ့ကာ တင်​​ပေးလိုက်​သည့်​တိုင်​​အောင်​ သူက ကျ​နော့်​ကိုယ်​ကို ​ခြေ​ရောလက်​​ရောနဲ့ ကုပ်​တွယ်​ထားကာ ဝက်​ဝံ​ပေါက်​စ​လေးလို ရင်​ခွင်​ထဲအတင်းကပ်​​နေသည်​...

"က​လေး...ကိုကို ရှိတယ်​​လေ...မ​ကြောက်​နဲ့​နော်​...ဘာဖြစ်​လို့လဲဟင်​? "

သူ့မျက်​နှာကိုအတင်းဆွဲယူကာ
မျက်​ရည်​​တွေကို ဖွဖွသုတ်​ရင်း ​မေး​တော့မှ
တအင့်​အင့်​ရှိုက်​ကာရှိုက်​ကာဖြင့်​​ဖြေသည်​...

"ကိုကိုက​လေ....က​လေးကို....ထား..ဟင့်...ထားခဲ့တာ... "

"ကိုကိုက က​လေးစားဖို့ မုန့်​သွားဝယ်​တာ​လေကွာ....အခုဘဲပြန်​လာပြီကြည့်​ "

ကိုကို့ကလေးလေးWhere stories live. Discover now