နောက်တနေ့မနက်...
ဘူဆန်က ကစားကွင်းကြီးကိုသွားချင်တယ်လို့
ပြောဖူးထားတယ့်ကလေးစကားကြောင့်
ကျနော် ကလေးနဲ့အတူ ထိုကစားကွင်းကြီးဆီထွက်လာခဲ့သည်...ကစားကွင်းကိုလည်းရောက်ရော
သွားချင်လှပါချည်ရဲ့ ဆိုတယ့် ကလေးဟာ
ရိုလာကိုစတာတွေနဲ့ ကြီးမားလွန်းတယ့် ချားရဟတ် တွေကိုမြင်ပြီး မစီးရဲပြန်...တစ်ခါမှမစီးဖူးဖူးပြောတယ့်သူ့ကို စီးပါဟုပြောတော့လည်း ကြောက်သည်ဆိုကာ ထိုရဟတ်များရှိရာနေရာဆီ ခြေဦးပင်မလှည့်...
ကစားကွင်းထိ ရောက်လာပြီးမှ ဘာမှမစီး မဆော့ဘဲ ပြန်ရမည့်အနေအထားဖြစ်နေပြီမို့
ဟိုကြည့်ဒီကြည့်နဲ့ စီးချင်ရက်နဲ့မစီးရဲဖြစ်နေသော ကလေးကို ခေါ်ကာ သူစီးနို်င်မည့် ရဟတ်သေးသေးတစ်ခုဆီကိုသာ ခေါ်သွားရတော့သည်..မြင်းဖြူလေးတွေလည်ပတ်နေတယ့် ရဟတ်ငယ်
မြင်းကမ္ဘာကိုရောက်တော့မှ သူစီးရဲတာမို့ မျက်နှာကပြုံးသွားသည်...လက်မှတ်ဖြတ်ပေးကာ မြင်းဖြူတစ်ကောင်ပေါ်ပွေ့တင်ပေးလိုက်တော့ ကျနော့်ကိုပါ လိုက်စီးဖို့ပြောနေသေးသည်...ကိုကို စီးလို့မရဘူးပြောမှ သူတစ်ယောက်ထဲစီးလေတော့သည်...စက်ဝိုင်းပုံ တရဆက်လည်နေသော မြင်းကမ္ဘာကို ဒီကလေးကတော့ မမူးဘဲ ပြုံးပျော်ကာစီးနေသည်...တစ်ပတ်လည်ပြီး ကျနော်ရပ်နေတယ့်နေရာကိုရောက်လာတိုင်းလည်း လက်ပြနှုတ်ဆက်သေးသည်...မြင်းကမ္ဘာစီးပြီးတော့လည်း
သူစီးနိုင်ဆော့နိုင်မယ့် ကစားစရာကို ကျနော်စဉ်းစားရပြန်သည်..."ဝူးဟွားဟွားဟွား!!!!! "
ရုတ်တရက် အသံကျယ်ကြီးထွက်လာသည်မို့
ဘေးက ကလေးပင်တချက်တုန်သွားသည်...
အသံလာရာနေရာကား သရဲအိမ်တစ်ခု...
ကျနော် ကလေးကို ဝင်မလား ဆိုသည့်ပုံစံဖြင့် မျက်ခုံးပင့်ပြတော့ ကလေးက ဂလုခနဲ တံတွေးမြိုချလေသည်...
YOU ARE READING
ကိုကို့ကလေးလေး
RomanceOh Sehun ♡ LuHan ကံအကြောင်းမလှစွာတွေ့ဆုံခဲ့တဲ့ လူသတ်သမားတစ်ဦးနှင့် ကလေးငယ်တစ်ယောက်အကြောင်း။ ကံအကြောင်းမလှစွာတွေ့ဆုံခဲ့တဲ့ လူသတ်သမားတစ်ဦးနှင့် ကလေးငယ်တစ်ယောက်အကြောင်း။