Part-7

6.9K 540 38
                                    


"နှစ်​​ယောက်​ခန်းတစ်​ခန်း​ပေးပါ "

" ​ကောင်းပါပြီ"

ကျ​နော်​တို့​ရောက်​​နေ​သော ​နေရာရဲ့အနီးဆုံးက
မိုတယ်​တစ်​ခုကိုသွားကာ အခန်းယူလိုက်​သည်​..
ဆိုးလ်​ကိုပြန်​ဖို့က အချိန်​သိပ်​​နောက်​ကျ​သော​ကြောင့်​ဖြစ်​သည်​...

က​လေး....သူ့ကိုချုပ်​ထားတယ့်​တိုက်​ခန်းပျက်​ကထွက်​လာကတည်းကကျ​နော့်​ကို မျက်​လုံးချင်းဆုံ​အောင်​​တောင်​မကြည့်​....

"ရပါပြီ "

အခန်း​သော့ကို ဝန်​ထမ်း​ကောင်​​လေးဆီက
ယူကာ ကျ​နော့်​​ဘေးနားခပ်​ခွာခွာမှာရပ်​​နေ​သော
က​လေးလက်​ကိုလှမ်းဆွဲလိုက်​​တော့ က​လေးက အလန့်​တကြားရုန်းသွားသည်​...

သူကျ​နော့်​ကို​ကြောက်​​နေပြီ...
ကျ​နော်​ဟာ နုနယ်​တယ့်​ က​လေး​ရှေ့မှာ
လူနှစ်​​ယောက်​ကို ရက်​ရက်​စက်​စက်​သတ်​ခဲ့မိပြီ...

"က​လေး​လေး~~~ "

နောက်​ကိုသာမသိမသာဆုတ်​သွားရင်း
ခေါင်းကိုလည်းငုံ့ထားလျက်​...

"ကိုကိုတို့ တည်းမယ့်​အခန်းသွားမယ်​​လေ​နော်​...လာ...ကိုကို့​နောက်​ကလိုက်​ခဲ့...မ​ကြောက်​နဲ့​နော်​ ကိုကိုရှိတယ်​​လေ "

"အင့်​! "

သူငို​နေပြန်​ပြီ...
အသံမထွက်​​အောင်​ ကြိတ်​မှိတ်​ရင်း ရှိုက်​​နေသည်​...

"ကိုကို မနက်​ကျ ကစားကွင်းလိုက်​ပို့မယ်​​လေ...မှတ်​မိလား?? က​လေးသွားချင်​တယ့်​ ဘူဆန်​က ကစားကွင်း​လေ... "

"... "

တအင့်​အင့်​ရှိုက်​ရင်းသာ​နေ​သော က​လေးနဲ့
ကျ​နော့်​ကို ဝန်​ထမ်းတချို့ကလည်း ကွက်​ကြည့်​ကွက်​ကြည့်​ဖြစ်​လာ​တော့ မတတ်​သာဘဲ က​လေးကိုအတင်းဆွဲကာ​ခေါ်ခဲ့ရ​တော့သည်​...

တိုက်​ခန်းပျက်​ကထွက်​လာ​တော့ အချိန်​ကအ​တော်​လင့်​​နေတာ​ကြောင့်​ အနီးဆုံးက မိုတယ်​​သေး​သေးတခုမှာဘဲ တည်းဖြစ်​သည်​...မြို့ပြင်​ကမိုတယ်​ဖြစ်​သည့်​တိုင်​ အပြင်​အဆင်​ကသပ်​ရပ်​သည်​...ကျ​နော်​တို့တစ်​​ယောက်​ခန်းနှစ်​ခန်းယူလည်းရပါလျက်​ က​လေးကိုစိတ်​မချ​သော​ကြောင့်​ တစ်​ခန်းသာယူဖြစ်​သည်​...အိမ်​မှာလည်း အတူ​နေလာတာမို့ ဒါက ကျ​နော်​တို့အတွက်​ပြသနာမဟုတ်​...သို့​သော်​ အခုအ​ခြေအ​နေက က​လေးက ကျ​နော့်​ကိုအ​တော်​​ကြောက်​​နေတာဖြစ်​သည်​...အခန်းထဲ​ရောက်​​တော့လည်း ​ထောင့်​တွင်​ ကုပ်​ကုပ်​​လေးရပ်​​နေပြန်​သည်​...

ကိုကို့ကလေးလေးWhere stories live. Discover now