Final

8.8K 520 75
                                    

က​လေး~~~

ဟိုး အ​ဝေးကြီး
တောင်​ထိပ်​တစ်​ခုက​နေလို
ချောက်​နက်​နက်​အတွင်းက​နေလို
ဟိုးအ​ဝေးကြီး ကလာတယ့်​ ကိုကို့အသံက
ပင့်​သက်​ရှိုက်​လျက်​ ပဲ့တင်​ထပ်​​နေခဲ့တယ်​...

Luhan မျက်​လုံး​တွေကိုဖွင့်​လိုက်​တဲ့အခါ
သူ့​ဘေးနားက မြင်​​တွေ့​နေကြ ရင်​ခွင်​ကျယ်​က​ပျောက်​ဆုံး​နေတယ်

"ကိုကို..? "

နံနက်​​စော​စောက ခဏထသွားတဲ့ ကိုကို့ကို မြန်​မြန်​ပြန်​လာဖို့ သူမှာလိုက်​ပါတယ်​​လေ...
ပြန်​မ​ရောက်​​သေးတာများလား?
ဒါမှမဟုတ်​ နိုင်​ငံခြားက​နေ ပြန်​လာတယ့်​ သူ့အတွက်​ စားစရာတစ်​ခုခုများပြင်​ဆင်​​​ပေး​နေတာလား?

Luhan ဟို​တွေး​ဒီ​တွေးနဲ့ အ​တွေးနယ်​ချဲ့​နေတုန်းမှာပင်​ တဝုန်းဝုန်းတဒိုင်းဒိုင်း​သော အသံ​တွေကိုကြားလိုက်​ရသည်​...

ဘာ​တွေဖြစ်​​နေတာလဲ?

အခန်းထဲကမြန်​မြန်​ထွက်​ပြီး
တံခါးရှိရာကို အ​ပြေးသွားမိ​တော့
အတင်းရိုက်​ဖွင့်​ပြီးဝင်​လာတဲ့လူတချို့နဲ့
ထိပ်​တိုက်​​တွေ့​လေသည်​...

"ဘယ်​...ဘယ်​သူ​တွေလဲ? "

ထိုလူ​တွေထဲကမှ ​ခေါင်း​ဆောင်​ဖြစ်​ဟန်​တူတဲ့လူက
Luhan ကို ​ခြေဆုံး​ခေါင်း​ဆုံးကြည့်​ကာ
မေးလာသည်​..

"မင်းကဘယ်​သူလဲ?...Oh Sehun နဲ့ ဘာ​တော်​တာလဲ? "

Oh Sehun?...
ကိုကို?...ကိုကို ဘယ်​မှာလဲ?....

Luhan ထိုလူ​မေးတာကိုပြန်​မ​ဖြေခင်​မှာပင်
ကိုကို့ ကို လိုက်​ရှာမိသည်​...
သူ့မှာ အားကိုးစရာ ကိုကိုဘဲရှိတာမဟုတ်​လား?
ဒီလူ​တွေက ကလပ်​ကများ luhan ကိုဖမ်းခိုင်းလိုက်​တာလား?...luhan ကို ကိုကို့ဘဲကယ်​နိုင်​တာပါ...ကိုကို ဘယ်​မှာလဲ??

"ကိုကို!!! "

Luhan ​အော်​​ခေါ်မိသည်​...
အရင်​လိုဆို စိုးရိမ်​ကြီးအ​ပြေးလာမယ့်​ ကိုကို့ပုံရိပ်​သည်​ ​ပျောက်​ချင်းမလှ​ပျောက်​​နေသည်​...

"ကိုကို!!! "

Luhan ​ကြောက်​လာသည်​...
ဒီလူ​တွေလက်​ထဲကို ကိုကိုကများ ​​ပေးပစ်​လိုက်​ပြီလား?..ဒီလိုနဲ့ luhan ရဲ့ ဘဝကထပ်​ပြီးပျက်​စီးမှာလား?..

ကိုကို့ကလေးလေးWhere stories live. Discover now