Part-10

5.3K 452 41
                                    

"ယ​နေ့မနက်​ ငါးနာရီအချိန်​က ဝန်​ကြီးချုပ်​__အိမ်​တွင်​ ​လုပ်​ကြံမှုတစ်​ရပ်​ဖြစ်​ပွားခဲ့ပြီး...ထိုလုပ်​ကြံမှုရဲ့ဖြစ်​စဉ်​များအရ ယခင်​ လူသတ်​မှုများနှင့်​ ဆင်​တူ​နေ​ကြောင်းသတင်းရရှိ... "

"လူသတ်​လုပ်​ကြံမှုများ၏ တရားခံအား ဖမ်းမိရန်​ နီးကပ်​လာ​ကြောင်း.... "

"အမတ်​​လောင်း ကင်​....အား လာ​ရောက်​လုပ်​ကြံသည့်​ သူငယ်​အား ဖမ်းဆီးနိုင်​မည့်​ သက်​​သေစတင်​​တွေ့ရှိ... "

"ယခင်​က ဖြစ်​ပွားခဲ့​သော လူသတ်​မှုများသည်​ အချမ်းသာဆုံးစာရင်းဝင်​များဖြစ်​ခဲ့ရာမှ ယခုလအတွင်း လုပ်​ကြံခံရမှုအတွက်​ ပစ်​မှတ်​များသည်​ အမတ်​​လောင်းများဖြစ်​လာ၍ အထူး​စောင့်​ကြပ်​​နေ​သော အ​ခြေအ​နေသို့်ရောက်​ရှိ... "

"ရဲအဖွဲ့အစည်းက လုပ်​ကြံသူ လူသတ်​သမား၏ လက်​​ဗွေနဲ့တကွ ​cctv မှတ်​တမ်းမှ ထိုလူ၏ ​ကျောပြင်​ပုံရိပ်​ကိုပါ သက်​​သေစုမိ... "

"လူသတ်​သမားက အရင်က​နေ အခုဖြစ်​လာတယ့်​အထိ တစ်​​ယောက်​ထဲက တို​​က်​ခိုက်​လုပ်​ကြံ​နေပါတယ်​လို့ သိရပါတယ်​...အဲ့အတွက်​ ​ဖြေရှင်းချက်​​ပေးပါဦး...ရဲမှူးကြီး!!! "

အမှုစစ်​ရုံး​ရှေ့တွင်​ သတင်း​ထောက်​များစုပြုံ​နေကာ ရဲမှူးကြီးYiFan အား လူသတ်​သမား​အ​ကြောင်းကို သူ့ထက်​ငါအပြိုင်​ တိုး​ဝှေ့ကာ ​မေး​နေကြ​သည်​...

"ဟုတ်​ကဲ့ခမျ...ကျ​နော်​တို့ ရရှိထားတယ့်​သက်​​သေ​တွေအရ ဖြစ်​စဉ်​​တွေက ဆင်​တူ​နေတယ့်​အတွက်​ လူသတ်​သမားက တစ်​​ယောက်​ထဲလို့​ပြောလို့ရပါတယ်​... "

"ရဲမှူးကြီး!!!လူသတ်​သမားဟာ တစ်​စုံတစ်​​ယောက်​ရဲ့ကြိုးကိုင်​မှု​ကြောင့်​ လို့ သိရပါတယ်​...အဲ့ဒါအမှန်​ဘဲလား?...ဆိုတာရယ်​...ကြိုးကိုင်​သူက အစိုးရအဖွဲ့အစည်းကဖြစ်​နိုင်​လားဆိုတာရယ်​...​ဖြေ​ပေးပါ!!!! "

"ဒါ​တော့ ကျ​နော်​တို့ဘက်​က အ​သေအချာမသိရ​သေးပါဘူး...လူသတ်​သမားကို မိရင်​ သူ့​နောက်​ကကြိုးကိုင်​သူကို ​ဖော်​ထုတ်​နိုင်​မှာဖြစ်​လို့ ကျ​နော်​တို့ရဲအဖွဲ့အစည်းက ထုတ်​​ပြောမယ့်​သတင်းစကားကိုသာဆက်​​လက်​​စောင့်​ကြည့်​​ပေးပါ.... "

ကိုကို့ကလေးလေးWhere stories live. Discover now