Part-6

6.8K 589 55
                                    

"တာဝန်​​ကျေပါတယ်​ sehun...မင်းအတွက်​ ​ဝေစုကို မနက်​ကျ Bank accထဲ ထည့်​​ပေးလိုက်​မယ်​... "

Do Gi Saung ဆို​သော ပစ်​မှတ်​ကိုအပြတ်​ရှင်းပြီး Boss ဆီသို့သွားကာ ထိုသူရဲ့ အ​ကြောင်းအရာအချက်​အလက်​တစ်​ချို့နဲ့ ယူခိုင်းခဲ့​သော ပစ္စည်းတစ်​ချို့ကို သွား​ပေး​လိုက်​သည်​...

နေ့လည်​ကတည်းက ဆာရာနဲ့ ထားခဲ့​သော က​လေးကိုစိတ်​မချ၍ ပြန်​ဖို့ကိုသာ စိတ်​​လော​နေတာ​ကြောင့်​ Boss က ​ဝေစုအ​ကြောင်း​ပြော​နေချိန်​မှာလည်း ​ခေါင်းကိုသာ ခပ်​သွက်​သွက်​ငြိမ့်​ပြလိုက်​မိ​တော့သည်​...

"ဒါဆို ကျ​နော်​ ပြန်​... "

"Boss!!!!Boss!!!! "

နောက်​​ကျော​ပေးထား​သော ဝင်​​ပေါက်​တံခါးမကြီးက Boss ကို ​အော်​​ခေါ်လျက်​​ပြေးလာသူ​ကို လှည့်​ကြည့်​လိုက်​​တော့
သူ့လို လူမျိုး ​နောက်​တစ်​​ယောက်​...

Sehun ရဲ့အလုပ်​က ​လူတစ်​​ယောက်​ကို ​ဇီဝိန်​ချုပ်​​ပေးခြင်းပင်​...အရှင်းဆုံး​ပြောရလျှင်​ ​ငွေ​ပေးခိုင်း​စေခြင်းအားဖြင့်​ ​စေလို​သောသူကို သတ်​​ပေး​သော ​ကြေးစားလူသတ်​သမား...

Sehun ကို ထိန်းချုပ်​ထား​သော သူသည်
Boss ဟု​ခေါ်တွင်​ရာ ဂိုဏ်း​ခေါင်း​ဆောင်​ကဲ့သို့
လူကြီးဖြစ်​သည့်​ Kim Min Jun...သို့​သော်​ သူကလည်း ​တစ်​စုံတစ်​​ယောက်​ရဲ့လက်​​အောက်​ခံဖြစ်​သည်​...သူ့ကို ခိုင်း​စေ​သော သူ့ရဲ့အထက်​က သူ​ဌေးရဲ့ အမိန်းအတိုင်း သူက sehun တို့ လို​ကြေးစား​တွေကို ခိုင်းခြင်းဖြစ်​သည်​...
Sehun လိုဘဲ ဒီအဖွဲ့​​အောက်​တွင်​ လှုပ်​ရှား​နေ​သော ​ကြေးစား​ပေါင်းများစွာလည်းရှိသည်​...

"ဘာဖြစ်​လာတာလဲ? "

Boss ​ဘေးနားက​နေ ရပ်​ကာ ဘာပြသနာ​ဖြစ်​လာလဲဆိုတာကို နား​ထောင်​ကြည့်​လိုက်​သည်​..

"ဆာရာ​ပျောက်​​နေပြီ "

ဆာရာ....ဆာရာကလည်း sehun တို့လို​ကြေးစားမ ပင်​ဖြစ်​သည်​...ဆာရာကို sehun အကူအညီ​တောင်းထားခဲ့သည်​မဟုတ်​လား...
Sehun ဝင်​ရှင်းပြဖို့ကြိုးစားလိုက်​သည်​..

ကိုကို့ကလေးလေးWhere stories live. Discover now