Part-11

5.5K 457 74
                                    

က​လေးကို အငိုတိတ်​သည်​အထိ ​ပွေ့ဖက်​ထား​ပေးကာ နှစ်​သိမ့်​​နေမိသည်​...
ဒီ​ပွေ့ဖက်​မှု​လေးက​တောင်​ ကျ​နော်​နဲ့က​လေးရဲ့
နောက်​ဆုံးနှုတ်​ဆက်​မှု​ဖြစ်​သွားနိုင်​သည်​မဟုတ်​လား...။

က​လေး​ရေ...ကိုကို ​တောင်းဆိုတယ်​ကွာ
အဖြစ်​မှန်​​တွေကိုသိသွားတယ့်​အခါ
ကိုကို့ ကို မုန်း​ပေးပါ...

"ဂွီ~~ "

တိတ်​ဆိတ်​​နေတယ့်​အခန်းထဲ ဂွီဆိုတယ့်​ အသံက ကျယ်​ကျယ်​​လောင်​​လောင်​ကြီးထွက်​​ပေါ်လာ​လေသည်​...
ရင်​ခွင်​ထဲက က​လေးကိုငုံ့ကြည့်​လိုက်​​တော့
သူ​လေးကလည်း​ ကျ​နော့်​ကို​မော့ကြည့်​ရင်း
သွားဖြဲပြ​လေသည်​...

"ဟီး "

"က​လေး...ဘာမှမစားရ​သေးဘူးလား? "

"Omm...​ဗိုက်​ဆာတယ်​..ကိုကို "

ဒီအချိန်​ကျမှ အပြင်​ထွက်​ပြီးဝယ်​ဖို့ကလည်း
အဆင်​မ​ပြေ...
ဟိုတယ်​က မှာလိုက်​မယ်​ဆိုပြီး ဖုန်း​ကောက်​ကို်​င်​လိုက်​​တော့ က​လေးက တားသည်​...

"ကိုကို~...က​လေး အဲ့တာ​တွေမစားချင်​ဘူး "

" ဟင်​?...ဒါဆို ဘာစားမလဲ?"

"ကိုကို ပြုတ်​​ကျွေးတယ့်​​ခေါက်​ဆွဲ​သောက်​ချင်​တယ်​ "

က​လေး ကျ​နော့်​ဆီပထမဆုံး​ရောက်​လာတယ့်​​နေ့ကိုသတိရမိကာ ပြုံးလိုက်​မိသည်​...
ထို​နေ့ကလည်း ​ဗိုက်​​တွေဆာ​နေတယ့်​ က​လေးကို
ခေါက်​ဆွဲပြုတ်​သာပြုတ်​​ကျွေးနိုင်​ခဲ့သည်​...

မီးဖို​ချောင်​ထဲဝင်​ အိုးတစ်​လုံးရှာပြ်ီး ​ရေ​နွေးတည်
ဘီရိုထဲက ​ခေါက်​ဆွဲ​ခြောက်​ထုပ်​ကိုယူပြီး
ရေ​နွေးဆူ​တော့ထည့်​ပြုတ်​...
တခြားအဆာပလာလည်းမရှိတာမို့်
ခေါက်​ဆွဲချည်းသာပြုတ်​​ကျွေးရသည်​...

ခေါက်​ဆွဲပြုတ်​ကို အားရပါးရစား​နေ​သော
က​လေးကို ​ငေးရင်း
က​လေးရဲ့ပုံရိပ်​​လေးကိုနှလုံးသားရဲ့အနက်​ရှိုင်းဆုံး​နေရာမှာ မှတ်​သားထားဖို့်​ကြိုးစားရသည်​...

"ဝှါး...​ဗိုက်​ကိုပြည့်​သွားတာဘဲ!!ဟီး "

ဗိုက်​​လေးကိုပွတ်​ကာ မျက်​လုံး​လေး​တွေမှိတ်​သွား​အောင်​ရယ်​ပြတယ့်​ က​လေး​လေး...
ကိုကို့က​လေး​လေး​ရေ...ကိုကိုမရှိလည်း ​ပျော်​​အောင်​​နေရမယ်​​နော်​...

ကိုကို့ကလေးလေးWhere stories live. Discover now