အပိုင်း ၁

9.8K 343 26
                                    

" ဒေါက်တာ အရေးပေါ်ခွဲစိတ်ရမဲ့လူနာရှိတယ် ဆရာမင်းသိန်း
က အခုထိမလာသေးဘူး "

ငိုမဲ့မဲ့နှင့်ပြောလာသည့် Nurse ဆရာမလေးကို တော်ဝင်
တချက်ကြည့်ပြီး အသက်ပြင်းချကာ

"နောက်ကနေလိုက်လာခဲ့မယ်"

ဝမ်းသာအားရစွာခေါင်းညိတ်ပြီးပြေးထွက်သွားသည့်Nurse
အား တချက်ခေါင်းခါလိုက်ပြီး ခွဲစိတ်ခန်းသို့ဝင်ရန် အဝတ်အ
စားလဲလိုက်သည်။ မိမိ ည ၈ နာရီကတည်းက တရေးမှမအိပ်
ရသေးပါ အရေးပေါ်ခွဲစိတ်မူများနေသလို အသေးစား ခွဲစိတ်မူ
များလဲရှိနေပါသေးသည် မနေ့ကအရေးပေါ်အဆောင်တွင်
မိမိ နှင့် အလုပ်သင်ဆရာဝန်လေးသာ ရှိသည်မဟုတ်လား
အခုလဲ တာဝန်ကျသည့်ဆရာကမလားသေးသဖြင့် မိမိခွဲခန်းထဲဝင်ပေးရအုံးမည်။

"တောင်းပန်ပါတယ် နောက်ကျသွားတယ် ဒေါက်တာ ပင်ပန်း
နေရောပေါ့ "

မျက်နှာငယ်ငယ်လေးနှင့်ပြောလာသည့် ဂျူနီယာ မင်းသိန်း
ကိုလဲ အပြစ်မတင်ရက်ပါ သူလဲပင်ပန်းရှာမှာပေါ့ ဆေးရုံးက
အပြန် စာသင်ပေးနေရသည်ကိုး။

"ရပါတယ် မင်းသိန်းရဲ့ နောက်ဆိုတော့သတိထားပါကွယ် အခု မမ တို့နည်းနည်းပိုပင်ပန်းသွားတာပေါ့ "

"ဟုတ် နောက်ဆိုအချိန်မှန်ရောက်အောင်လာခဲ့ပါ့မယ် "

"အခု မမတို့ပင်ပန်းနေလို့ အပြစ်ပြောတာ မဟုတ်ဘူးနော်
ဒီနေ့လိုသာ အရေးပေါ်ခွဲစိတ်ရမဲ့အချိန်မှာ မမလဲမရှိ မင်းသိန်းလဲမရှိရင်  တခြားခွဲစိတ်ပေးမဲ့သူမရှိဘူးလေ လူနာကအသက်ဆုံးရူံးသွားနိုင်လို့ သတိပေးတာပါ "

"ဟုတ် ကျွန်တော်နားလည်ပါတယ် "

" ကဲ တာဝန်ကျေအောင်ကျန်တဲ့အချိန်တွေကို သေချာဂရုစိုက်လိုက်ပါအုံး မမ ပြန်တော့မယ် "

ဒေါက်တာပန်းတော်ဝင် ထွက်သွားမှ မင်းသိန်းအသက်ကိုဝဝ
ရူရဲတော့သည် ဒေါက်တာပန်းတော်ဝင်က စည်းကမ်းကြီး
သလို ခွဲစိတ်သည့်နေရာတွင်လဲ အတော်ဆုံးမို့လို့ ဆေးရုံအုပ်
ကတောင် သူ့ကိုအရေးပေးဆက်ဆံသည် ဒုဆေးရုံအုပ်လဲ
သူမပဲမို့လို့ အားလုံးကတော်တော် ကြောက်လန့်ကြပါသည်
သူမက အရယ်အပြုံးသိပ်မရှိသလို ခပ်တည်တည်နေသည်က
များသည်ကိုး ဒါပင်မဲ့ ခွဲစိတ်ဖို့မတက်နိုင်သည့်လူနာများကို
တော့သူမရဲ့ လစာထဲကနေစိုက်ထုတ်ပေးတတ်သည်။

ဥပေက္ခာWhere stories live. Discover now