အပိုင်း ၁၂

2.4K 192 40
                                    

"မမကြီး...."

"အင်...ဟင် ဘာလဲ "

မဖွင့်ချင်သေးသည့် မျက်လုံးကို ဖွင့်လို့ရသော်ရငြား ပွက်ပြီး
အားယူပြီး ဖွင့်လိုက်တော့ မိတာတစ်ယောက်......

"အား...လန့်တာ ဘာလုပ်တာလဲ မိတာရဲ့ "

"လာနိုးတာလေ အိပ်နေတဲ့ပုံစံက အသက်မရှိတဲ့အတိုင်းဖြစ်
နေလို့ လည်ပင်းကသွေးကြောစမ်းကြည့်တာ "

"အရှင်လတ်လတ်ကြီးရှိသေးတယ် ဟမ် မြတ်နိုးရော ဘယ်မှာလဲ "

"ပြန်သွားပြီးလေ သံပုရာရည်တော့တိုက်လိုက်တယ် "

"Aww...okay နင့်ကိုကြီးခန့်ရော သက်သာရဲ့လာ အနာ
ရှိန်ကြောင့် ဖျားနေမလားမသိဘူး "

"ခုနတော့ သူဆေးသောက်ပြီးအိပ်လိုက်တာ တွေ့တယ် "

"Aww...imm imm အောက်ဆင်းနှင့်ရေချိုးပြီးတာနဲ့
ဆင်းလာခဲ့မယ် ထမင်းစားကြတာပေါ့ "

"ဟုတ် "

နောက်ပတ်တွင်း မြတ်နိုးအတွက်ပြင်ဆင်ထားသည့် လက်ဆောင်အတွက် ကိုယ့်ဘာသာရင်ခုန်မိသည် သူမ ကြိုက်နှစ်သက်ပါ့မလား.....။

"သမီးငယ်လေး..."

"ရှင်...မေ "

"သမီးတို့နှစ်ယောက်က တကယ်တွဲနေကြတာလား "

"အမ်...ဘယ်သူနဲ့တုန်းမေရဲ့..."

"သမီးတော်ဝင်နဲ့လေ...."

ြ်မတ်နိုးဂိမ်းကစားနေသည့် လက်တွေရပ်သွားကာ ကိုယ်လေး
ကိုသေချာမတ်ထိုင်လိုက်ပြီး....

"အဟမ်း...ဘယ်သူပြောတာလဲဟင် မေမေ "

"အမလေး...ပြောစရာမလိုဘူး မေမေတို့ဆီ နားတွေ မျက်စိ
တွေရှိတယ် ဟုတ်လာမဟုတ်ဘူးလားပဲ ပြောပါသမီးရယ် "

"ဟုတ်တယ် ဝမ်းနည်းသွားလားဟင် မေမေ "

"ဝမ်းမနည်းပါဘူး သမီးရယ် ကံတရားကြောင့်ဖြစ်ရတာပဲလေ
မေမေနဲ့ဖေဖေ စိုးရိမ်တာက သမီးတော်ဝင်ဘက်က မိသားစု
ကိုပဲ စိုးရိမ်တာ သူတို့ကြောင့် မေမေတို့သမီးလေးကို ခံစားရမဲ့
နာကျင်ခြင်းတွေမလိုလားတာပါ မေမေလဲသမီးတော်ဝင်ကို
သဘောကျပါတယ် သူ့မိဘတွေကောဘယ်လိုလဲ လက်ခံရဲ့
လား "

ဥပေက္ခာWhere stories live. Discover now