အပိုင်း၁၅( ဇာတ်သိမ်း )

6.6K 339 186
                                    

မမပန်းရဲ့ တွေ့ရအောင်ဆိုသည့် SMS လေးကြောင့် တပြုံး
ပြုံးတပျော်ပျော်ဖြစ်နေရသလို စိုးရိမ်မူမကင်းသည့် စိတ်လေး
နှင့်အတူ ကော်ဖီဆိုင်သို့ ခြေးလှမ်းများဦးတည်ရင်း.....

ခုံနံပတ်နဲ့ရှာကြည့်လိုက်တော့ တွေ့ပါပြီး အဖြူရောင်ရှပ်အင်္ကျီ
နဲ့ ခပ်ရှင်းရှင်းလေးဖြစ်နေသည့် မမပန်း.....

ဘယ်နှစ်ရက်တောင် မအိပ်ထားလဲမသိ မျက်ကွင်းတွေချိုင့်
ပြီး ညိုနေသည်က စိတ်မချမ်းသာစရာ....

မြတ်နိုးကိုတွေ့တော့......လက်ကလေးထောင်ပြပြီး သူ့ရှေ့
တွင့်ထိုင်ဖို့ရန် လက်ညိုးနှင့် ရှေ့ထိုင်ခုံဆီသို့ ညွန်းပြသည်။

"ရောက်လာပြီလာ ဖရဲသီးဖျော်ရည်မှာထားတယ် အဲ့တာပဲ
သောက်မှာမလား...."

"ဟုတ်..."

"မမပန်း....နောက်သုံးရက်နေရင် US ဘက်ကိုပြောင်းတော့
မယ် ပြီးတော့ အရာအားလုံးအတွက်တောင်းပန်ပါတယ် "

"ဟင့်အင်း....မြတ်နိုးလဲလိုက်မယ် "

"မြတ်နိုးရယ်.....ဒါကတကယ်မဖြစ်နိုင်တော့လို့ပါ Ok
မမပန်းပြောပြမယ် မမပန်း မြတ်နိုးကိုအသက်လောက်ချစ်ပါ
တယ် ဒါပင်မဲ့လေ ဒယ်ဒီခံစားနေရတာ မမပန်းကြောင့် လက်
ညိုးထိုးပြီး ကဲ့ရဲ့နေကြတာ မခံစားနိုင်ဘူး တကယ်ဝန်ခံပါ
တယ် သတ္တိမရှိတော့တာကို အစကတော့ မြတ်နိုးကိုပဲရွေး
မယ်လို့ ရည်ရွယ်ထားပင်မဲ့ ဒယ်ဒီ့ဖုန်းထဲက မမပန်းကိုပြောဆို
နေတာတွေထက် ဒယ်ဒီ့ကိုပြောဆိုနေတာတွေက ပိုများပြီး
အရမ်းပက်စက်တဲ့စကားလုံးတွေတွေ့ရတာ......"

"အရမ်းစိတ်ပင်ပန်းခဲ့လာ....."

ခေါင့်ငုံ့ပြီး လက်ဖမိုးပေါ် ကျသည့်မျက်ရည်စက်ကို သုတ်ပြီး
ခေါင်းညိတ်ပြနေသည့် မမပန်း.....

ကိုယ်ချစ်ရတဲ့သူ စိတ်ဆင်းရဲနေတာက ကိုယ့်အတွက်ငရဲလို
ဖြစ်နေတာ မြတ်နိုးသာသိသည်။

သွေးရောင်မရှိတဲ့ မျက်နှာလေးရယ်....စိတ်ဓာတ်ကျမူတွေ
ဖော်ပြနေသည့် မမပန်းရဲ့ပုံစံ......အဲ့ဒီအရာတွေထက်
မမပန်ရဲ့ သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးပြီး
အရင်လို လန်းဆန်းတက်ကြွနေတဲ့ ပုံစံလေး.......လဲပါတယ်
နှလုံးသားနဲ့ရင်းပြီး မမပန်းရဲ့ပျော်ရွင်ခြင်းရဖို့အတွက် လဲပါတယ်။

You've reached the end of published parts.

⏰ Last updated: Nov 11, 2019 ⏰

Add this story to your Library to get notified about new parts!

ဥပေက္ခာWhere stories live. Discover now