အပိုင်း၈

2.9K 214 18
                                    

တော်ဝင် ဆေးရုံကနေ အိမ်ပြန်ရောက်တော့ မီးပူချောင်ထဲအလုပ်ရူပ်နေသည့် မိတာတစ်ယောက် တော်ဝင့်ကိုမြင်သည်နှင့် ကယ်တင်ရှင်ကြီးအလာ ဝမ်းပန်းတသာနှင့်.....

"တော်ပါသေးတယ် မမကြီးပြန်လာလို့် ဟူး...."

"ဘာဖြစ်လို့လဲ မိတာရဲ့ ဘယ်မှာလဲသံပုရာရည် "

"အယ်......မမငယ်လေး လုပ်တာနဲ့ မမကြီးအတွက်သံပုရာ
ရည်ဖျော်ထားဖိုမေ့နေတယ် ခဏနေကျရင်လာပို့ပေးမယ်သိ
လာ အခုတော့လေ မိတာကိုကူညီတဲ့အနေနဲ့ ရော့ တစ်ရူး
ရော့ လက်ဖက်သုပ် ဒီမှာရေနွေး အိမ်ပေါ်တက်ပြီး မမငယ်လေးကိုပေးပေးအုံး နောက်ထပ်လက်ဖက်သုပ်မရ
တော့ဘူးပြောပေး....သူဒါနဲ့ဆိုနှစ်ပန်းကန်ရှိပြီးစားတာ
ရှင်းပြနေလဲတိုင်တယ် အပြောခံရအုံးမယ် သွားတား ပေတော့"

စကားကိုမရပ်မနားပဲပြောချပြီး မိမိကိုနောက်ကျောကနေ တွန်း
နေသည့် မိတာကို စိတ်ဆိုးရမလိုလို ရီရမလိုလိုဖြစ်နေသည်။
ဟိုကလေးမ ဘာလုပ်ချပြန်ပြီလဲမသိဘူး....

အပေါ်ထပ်ဧည့်ခန်းရောက်တော့ မြတ်နိုးကိုမတွေ့ရ သေချာ
သည် မိမိအခန်းထဲရောက်နေတာဖြစ်မည်။အခန်းတံခါးဖွင့်
တော့မှောင်မဲနေသည့်အပြင် Air-con ဖွင့်ထားတာမို့
အေးစက်မူက တော်ဝင့်မျက်နှာကိုရိုက်ခတ်လာကာ တစ်ကိုယ်
လုံးပင် ကျောစိမ့်သွားသည်။မီးဖွင့်လိုက်တော့.....အမယ်
မယ်မင်းကြီးမက စောင်ကိုအသေချာအလေး ခြုံထားပြီး
ရှေ့က TV ဆီကိုပဲ အာရုံရောက်နေတာကြောင့် တော်ဝင်
ရောက်နေသည်ကိုမသိပဲ.....

"မိတာ....မိပိတ်ထားပါဆို အီး..."

မြတ်နိုးဆီက ငိုသံကြောင့် လက်ထဲက ဗန်းကို စာပွဲပေါ်တင်
ထားလိုက်ပြီး.....

"ချစ်.....ဘာလို့ငိုနေတာလဲ ဘယ်သူဘာပြောလိုက်လို့လဲ "

"ပန်းကလေး...."

မိမိရင်ခွင်ထဲကို တိုးဝင်လာသည့် မြတ်နိုးကို အလိုက်တသင့်
ပြန်ဖက်လိုက်ရင်း...

"ဘာဖြစ်တာလဲ ချစ်ရဲ့ မမပန်းကိုပြောပြလေ "

"ဟိုမှာ ကြည့်ပါလား....မင်းသမီးသေသွားပြီး မင်းသားကို
သနားလို့ ကူငိုနေတာ "

ဥပေက္ခာحيث تعيش القصص. اكتشف الآن