အပိုင်း၃

3.3K 250 15
                                    

သူ့နဖူးပေါက်သွားရာကနေ အကြောင်းပြုပြီး တော်ဝင် သူ
တို့မိသားစုနှင့်ပိုရင်းနှီးလာသည်။တော်ဝင်အားရက်ဆို ထိုငရူပ်
မလေးက အိမ်ကိုလာပြီး မိမိဘေးတွင်တချိန်လုံး ကပ်နေကာ
သာလိကာမလေးလို ပေါက်ပေါက်ဖောက်နေတတ်သည်။ထိုငရူပ်မလေးက မိမိကို တခါတရံ ပန်းကလေးဟုခေါ်နေ
တတ်သည်။

"ပန်းကလေး "

အားရှီး....သူလာပြီ ဘာအရူပ်ထုပ်တွေသယ်လာပြန်အုံးမလဲ
မသိဘူး။

"ဒေါက်တာမမ ခေါ်နေတာမကြားဘူးလာ "

"ကြားသားပဲ ပြောဘာပြောမှာလဲ "

"မေမေကခေါ်ခိုင်းတယ် မနက်စာအိမ်မှာလာစားပါတဲ့ အဲ့တာ
လာပြောတာ သွားဆော့တော့မယ် ခေးခေးတို့လာလည်တယ်
သူတို့နဲ့ပဲသွားဆော့မယ် "

"ကောင်းသားပဲ အန်တီ့ကိုလာခဲ့မယ်ပြောပေးနော် "

"သိပါတယ် လာမယ်ဆိုတာ ပြန်ပြီး "

ဆော့ချင်လွန်းလို့ ပြေးပြီးထွက်သွားသည့် ချစ်မြတ်နိုးကိုကြည့်
ပြီး ခေါင်းတခါခါနဲ့ကျန်ရစ်ခဲ့ရသူက တော်ဝင်ပါ။အခုထိ
ကလေးတွေနဲ့ ဘောလုံးကန်တမ်းကစားလိုက် တူတူပုန်းတမ်း
ကစားလိုက်နှင့် တခါတခါသူ့တူလေးတွေနှင့်အပြိုင်စိတ်က
ကောက်တတ်သေးသည်။တည့်တဲ့အချိန်ဆို တစ်ခြံလုံးပြောင်
ဆန်နေအောင်ဆော့နေတတ်သည်။သူဆော့တဲ့အချိန် ထမင်းစားသွားခေါ်လို့ကတော့ ခေါ်တဲ့သူ အာညောင်းတာပဲ
အဖတ်တင်သည်။

"မေမေ ပန်းကလေးက လာခဲ့မယ်တဲ့ "

"သမီးငယ် ကိုယ့်ထက်အကြီးကို ဘယ်လိုဖြစ်ပြီး ကိုယ်နဲ့ရွယ်
တူလိုခေါ်ချရတာတုန်း "

"သိဘူး မသိဘူး စိတ်ထဲခေါ်ချင်တဲ့အတိုင်းခေါ်တာ ခေးခေးတို့နဲ့သွားကစားတော့မယ် "

မေမေ့ စကားကိုစောင့်မနေတော့ပဲ အမြန်ပြန်ထွက်ခဲ့သည် ဟွန့် မမပန်းတော်ဝင်က နှင်းဆီပန်းလို လှလွန်းလို့ ပန်းကလေးလို့ခေါ်တာပါ ရိုင်းသလိုဖြစ်သွားရင် ခွင့်လွတ် ဒါပင်မဲ့ဆက်ခေါ်မှာပဲ။

"တီလေး ဆော့ရတာမောပြီး ခေးခေးတို့ကို မုန့်ကျွေးအအေး
တိုက် "

ဥပေက္ခာDonde viven las historias. Descúbrelo ahora