အပိုင်း ၅

3.2K 245 21
                                    

"ဟက်ချိုး...."

"မှန်း...နေမကောင်းဘူးလာ "

"ကောင်းပါတယ် ရေချိုးတာကြာသွားလို့ "

"ကလေးလဲမဟုတ်တော့ပဲနဲ့ အကုန်လုံးလိုက်ပြောနေရတယ်
နေမကောင်းရင် ဆေးကသောက်ချင်တာလဲမဟုတ်ပဲနဲ့ "

"တွေ့တာနဲ့ဆူဖို့ပဲသိတယ် မမပန်း "

"အင်း...ပြော "

"လက်ထဲကစာအုပ်ကြီးကိုချထားပါ မြတ်နိုးကိုကြည့် "

"ကဲ....အမိန့်တော်ရှိပါရှင့် "

"ဟိုလေ.....အဲ့ဦးနေခန့်ညားက မမပန်းရဲ့ အဆက်ကြီးလာ"

"ဟုတ်ပါဘူး...ဟားဟား သူကြားရင်တော့ ရင်ဘတ်ကြီးထု
နေတော့မှာပဲ ငယ်သူငယ်ချင်း ဟိုး...အူဝဲလေးကတည်းက
ပေါင်းလာတာ ဘာလဲစိတ်ဝင်စားလို့လာ "

"ဝေးသေးတယ် ယောကျာ်းလေးဖြစ်ပြီး ဖြူဖတ်နေတာ သဘောမကျပါဘူး "

"ဟုတ်လို့လား.....ခန့် ကဒီလောက်ချောတာ သူ့ဘေးမှာဆို
မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတာ "

"သဘောမကျပါဘူး မမပန်းရဲ့ ချစ်သူမဟုတ်ရင်ပြီးတာပဲ
နောက်ဆို တခြားလူတွေထက် မြတ်နိုးကိုဦးစားပေးရမယ်
မြတ်နိုးထက် တခြားလူတွေကိုပိုမချစ်ရဘူး ပိုမခင်ရဘူးနော် "

ဒီကလေးမ စည်းကျော်နေတာကို သတိထားမိရဲ့လာ ဒီလိုအပြောတွေ ကိုယ်ကသူ့အပိုင်ကျနေတာပဲ။

"ဘာလဲ အဲ့တာလေးတောင် မလုပ်ပေးနိုင်ဘူးလာ "

"မဟုတ်ပါဘူး ဟုတ်ပါပြီး မြတ်နိုးထက်ပိုပြီး ဘယ်သူ့ကိုမှ
မခင်ဘူး မချစ်ဘူး ဟုတ်ပြီလာ "

"ဒီလိုမှပေါ့ "

ခင်မင်မူတွေကြာလာနဲ့အမျှ မြတ်နိုးနဲ့ တော်ဝင့်ကြားက သံယောဇဉ်တွေက ပိုနက်သထက်နက်လာသည်။တခါတလေ
ဆေးရုံတွင် ခွဲစိတ်ခန်းအဝင်များရမဲ့ရက်ဆို အိမ်မပြန်တော့ပဲ
ဆေးရုံတွင် ငါးရက်လောက်ဆက်တိုက်နေတတ်သည်မို့ မြတ်နိုးပို့ထားသောစာအားမပြန်အားလျှင် မြတ်နိုးကမိမိအား စိတ်ကောက်မူတွေကို ပြတတ်လာသည် မို့ တော်ဝင်အသဲအသန် လိုက်ချော့ရတတ်သည်။ဒီထက် သံယောဇဉ်တွေမတွယ်ခင် သူ့ကိုရှောင်နေမှပါ။အတွေး ပင်လယ်ထဲမြောနေတုန်း လက်ကိုင်ဖုန်းဆီမှ ရုတ်တရက် ဖုန်း
ဝင်တာလာမို့ တော်ဝင်လန့်သွားရသည် Screen ကြည့်လိုက်တော့ Dad ဆိုတဲ့နာမည်လေးနဲ့မို့ ကမန်းကတမ်း ကိုင်လိုက်ရသည်။

ဥပေက္ခာDonde viven las historias. Descúbrelo ahora