အပိုင်း ၉

2.6K 187 15
                                    

မမပန်းကို မတွေ့ရတာနှစ်ပတ်ပင်ရှိတော့မည်....လွမ်းလို့
ဖုန်းခေါ်ရင် ငါးခါခေါ်မှတစ်ခါသာကိုင်ပြီး ခဏနေမှပြန်ခေါ်
မယ်နော် ချစ် အခုမအားသေးဘူး လို့သာအမြဲဖြေနေရင်း
အခုဆို နှစ်ပတ်ပင်ရှိတော့မည်။

"သမီးငယ်လေး...."

"ရှင် မေမေ "

"အောက်ထပ်မှာ သမီးသူငယ်ချင်း ရှင်းသန့်ရောက်နေတယ် "

"ဟုတ်....ထွက်လာခဲ့မယ် "

ရှင်းသန့် ဆိုတာ မြတ်နိုးကိုတဖက်သတ်ကြိုက်နေသူဆိုလျှင်
မမှား....အထက်တန်းကတည်းက ဇွဲမလျော့ပဲလိုက်နေတာ
ကိုယ်ကလဲ သူငယ်ချင်းဆိုပင်မဲ့ ခပ်ပြတ်ပြတ်ငြင်းခဲ့သလို
သူကလည်းဇွဲမလျော့ပဲလိုက်နေမြဲ.....

"ရောက်တာကြာပြီလာ "

"မကြာသေးဘူး "

"အပြင်ထွက်ရအောင် စားသောက်ဆိုင်တွေ့ထားတယ် "

"စားသောက်ဆိုင်တွေ ဒီလောက်များတာ နင်စားသောက်ဆိုင်
တွေ့တာ ထူးဆန်းလာ ကောင်စုတ်ရဲ့ "

"အရူးမ ငါပြောချင်တာက အသစ်ဖွင့်ထားတယ် အဲ့ဆိုင်က
အစားအသောက်ကောင်းလို့လာခေါ်နေတာ မာယာ့ကိုတောင်
ဖုန်းနဲ့လှမ်းခေါ်ပြီးပြီ "

"အဲ့လိုပြောပါလား ခဏစောင့်အင်္ကျီသွားလဲအုံးမယ် "

"လဲမနေနဲ့ ဘယ်လိုနေနေလှပြီးသား....လာသွားမယ် "

မြတ်နိုးလက်ကိုအတင်းဆွဲရင်း....

"အန်တီ သားသူ့ကိုခေါ်သွားပြီးနော် ပြန်ပို့ပေးမယ် "

"Okay ကားသတိထားမောင်းအုံးနော် "

"ဟုတ်ကဲ့ "

ရှင်းသန့်က မြတ်နိုးကို ချစ်ရေးဆိုထားတယ်ဆိုထားတယ်ဆို
ပင်မဲ့ မြတ်နိုးနေရခက်အောင်တော့မလုပ် ပေါ့ပေါ့ပါးပါးပဲ
သူငယ်ချင်းလို ဆက်ဆံတာမို့် ရှင်းသန့်နဲ့တွေ့တိုင်း စိတ်ကနေ
ရကျပ်တာမျိုး မဖြစ်မိ....။

"နင့်လုပ်ငန်းအဆင်ပြေလာ "

"ပြေပါတယ် အစပိုင်းဆိုတော့နည်းနည်းပင်ပန်းရတယ်ဆိုပင်
မဲ့ အဆင်ပြေတယ် နင်ရောပြေလာ နင့်အဖေကနင့်ကိုမိန်းမ
မရှာပေးသေးဘူးလာ "

ဥပေက္ခာWhere stories live. Discover now