အပိုင်း၂

4.4K 293 24
                                    

" မိတာ "

"ရှန်....."

"ခြံထဲကမာလကာသီး ကျွေးပါလာ "

"လာလေ မမငယ် ကျွေးမှာပေါ့ ဒါပင်မဲ့အပင်ကမြင့်တယ်
ခူးနိုင်ပါ့မလား "

"ခူးနိုင်တာပေါ့ အဟီး ဖေဖေတို့ကိုပြန်မပြောနဲ့နော် "

"ပြောဘူး လာခဲ့ဒီဘက်ခြံကို "

"တီလေး ဒါဘယ်သွားမှာလဲ ခေးခေးလဲလိုက်မယ် "

"ဟာ မလိုက်နဲ့ ရူပ်တယ် "

"လိုက်မှာ "

"မလိုက်နဲ့ "

စူပုပ်ပုပ်နှင့်မိမိကို ကြည့်နေသည့် တူလေး ချစ်ရမောင် ခေါ် ခေးခေး၏မျက်နှာက အော်ငိုတော့မည့် မိုးလေဝသအရ အမြန်သူ့ပါးစပ်ပိတ်ကာ

" လာ လိုက်ခဲ့ မငိုနဲ့ နင့်ဖိုးဖိုးကိုပြန်ပြောမနေနဲ့အုံး "

"သိပါတယ် အခုဘယ်သွားမှာလဲ "

"ဟိုဘက်ခြံက မာလကာပင်ပေါ်တက်ပြီး အသီးခူးစားမလို့ "

" မိုက်တယ် "

ခြံတံခါးကဖွင့်ပြီးသားမို့ တွန်းပြီးဝင်ခဲ့လိုက်တော့ ခြံအကျယ်
ကြီးကိုတွေ့ရပြီ ကျန်တာစိတ်မဝင်စားအား မိမိအရမ်းခူးချင်
နေသည့် မာလကာသီးအကြီးကြီးကိုသာ ဘယ်လိုခူးရမလဲ
စဉ်းစားနေတာ အပင်ကလည်းမြင့်လိုက်တာ မတော်လို့
ပြုတ်ကျရင် အဆူခံရအုံးမယ် ။

"မမငယ် မတက်ပါနဲ့ တော်ကြာပြုတ်ကျမှ ခက်မယ် "

"မရပါဘူး တက်မှာပဲ အပင်ပေါ်တက်ခူးပြီး အပင်ပေါ်ပဲစား
ချင်တာ တွေ့လာဟိုးမှာ ပွနေပြီး "

"မရဘူးနော် မမငယ် အရမ်းမြင့်တယ် "

"တီလေး သား ငါးတွေသွားကြည့်အုံးမယ် "

"သွားသွား "

မိတာ တားမရသည့်အဆုံး မိမိထက် ၂နှစ်ကြီးသည့် မမချစ်မြတ်နိုးအား လက်မြောက်အရူံးပေးရချေပြီ မမချစ်မြတ်နိုး ဒီခြံကိုခဏခဏလာလည်တာမို့ မိမိနှင့်တော်
တော်ရင်းနှီးသလို မမငယ်၏ ကလေးဆန်မူ တဇွတ်ထိုးဆန်မူ
တို့က လက်လန်စရာကောင်းကြောင်းလဲ ကောင်းကောင်းသိရ
ပြီးပြီမို့ ခေါင်းတခါခါနှင့်သာ မမငယ် အပင်ပေါ်တက်သွား
သည်ကို ရင်တမမနှင့် မော့ကြည့်နေရသည်။

ဥပေက္ခာWhere stories live. Discover now