အပိုင်း၆

3.1K 224 42
                                    

မြတ်နိုးမမပန်းနဲ့ ပြသနာဖြစ်ပြီးကတည်းကမမပန်းဆီ မရောက်တာ တစ်ပတ်ပင်ရှိတော့မည်။တကယ်ကမြတ်နိုး
မမပန်းကိုလွမ်းတာအရူးတစ်ပိုင်း မမပန်းရဲ့ထိန်းချူပ်ထား
သည့် အချစ်တွေကိုမုန်းမိတာကတမျိုးမို့ လွမ်းနေပင်မဲ့ သွား
မတွေ့ချင်။ဘာကြောင့်များ မမပန်းက မြတ်နိုးကိုချစ်နေရဲ့သား
နဲ့ သူ့ကိုသူထိန်းချုပ်ထားတာပါလိမ့်။

မမပန်းသူ့ရဲ့အချစ်ကို မဖွင့်ဟမချင်း မြတ်နိုးလဲ ဖွင့်မပြောဖို့
ဆုံးဖြတ်ထားသည်။မြတ်နိုးရဲ့ခေါင်းမာမူက တစ်ခါတလေ
တဇွတ်ထိုးဆန် တတ်တာသိပင်မဲ့ အချစ်ရေးမှာလဲ မမပန်းဖွင့်
ပြောတာကို လိုချင်တာမို့ဘယ်လောက်ချစ်ချစ် တင်းခံနေမည်။

"ငယ်လေး....."

"ဟုတ် တံခါးလောခ့်မချထားဘူး ကိုကိုလေး ဝင်လာခဲ့လိုက် "

"ညီမလေး မနက်ဖြန် ကိုကို ခရီးထွက်စရာရှိလို့ ကိုကို့ကော်ဖီ
ဆိုင်မှာထိုင်ပေးလို့ရမလား တစ်ပတ်လောက်ပေါ့ "

"ကိုကိုလေးကလည်း ငယ်မှမထိုင်ချင်တာ ပြီးတော့ စောစော
မထချင်ဘူး "

"စောစောထဖို့မလိုပါဘူး ဆယ်နာရီလောက်မှသွားလဲဖြစ်
တယ် ကောင်တာမှငွေသိမ်းပေးရုံလေးပဲနော် ကိုကိုတောင်း
ဆိုတာပါ "

"အင်းပါ.....ထိုင်ပေးမယ် ဘယ်သွားမလို့လဲ "

"သူငယ်ချင်းတွေနဲ့ အပျော်ခရီးပါ ငယ်လေးထိုင်ပေးမယ်ဆို
တော့ စိတ်ချရပြီး ကိုကိုအပြင်သွားအုံးမယ် ဘာမှာအုံးမလဲ "

"မမှာတော့ဘူး "

ညီမလေးမျက်နှာကြည့်ရတာ ညိုးနေသည်မို့ ဘာဖြစ်လဲဆို
တာမေးဖို့သွားပင်မဲ့ ညီမလေးကိုအတင်းမေးတာထက် ညီမ
လေးကိုယ်တိုင်းဖွင့်ပြောလာတာ ကိုစောင့်တာပိုကောင်းမယ်
ထင်လို့မမေးရက်ပဲ ပြန်ထွက်လာခဲ့သည်။

"မေမေ ငယ်လေးကိုခုတလောကြည့်ရတာ မျက်နှာမလန်းဘူး
ဘာဖြစ်တာလဲ သိလာ "

"မေမေလဲ သတိမထားမိပါဘူးကွယ် ကိုယ့်အလုပ်နဲ့ကိုယ်ရူပ်
နေတာ ဟုတိပါ့အခုတလော မေမေ့နားကို မချွဲပဲတစ်ယောက်
ထဲအခန်းအောင်းနေတာ အခုသားမေးမှသတိထားမိတယ် "

ဥပေက္ခာWhere stories live. Discover now