အပိုင်း၁၀

2.7K 196 37
                                    

" Mommy!! "

"Oh..My sweet girl 😘 "

လေဆိပ်တွင် မိသားစုကိုတွေ့ရသည့်အရသာက ဘယ်လို
ပြောရပါ့ ဝမ်းသာမူ လွမ်းဆွတ်မူများနှင့်ပြည့်နှက်နေပြီး
ကိုယ့်မိခင်ကို ဝမ်းသာအားရစွာဖက်လိုက်ခြင်းသည်လဲ နွေးထွေးမူတစ်ခုပင်ဖြစ်သည်။

"Daddy နဲ့ ကိုကြီးကိုကျ မမြင်ဘူး "

"မဟုတ်ပါဘူး Mommy ကို့မတွေ့တာကြာလို့လွမ်းမိလို့
ပါ ဘယ်မှာလဲ ဟံလေးကော ဘယ်မှာလဲ "

"ဒီကောင်မလေး....ကိုယ့်တူလေးကိုတောင်မမှတ်မိဘူး နင့်ရှေ့မှာလေ "

"ဟမ်...."

ကိုကြီးဘေးတွင်ရပ်နေသည့် ဟံလေးသည် ကိုယ်ကောင်ထွားလာပြီး အသက် ဆယ့်လေးနှစ်ဆိုတာယုံချင်
စရာမရှိ။

"Wow ချောလာလို့ မမှတ်မိတာ အရပ်လဲရှည်လာလိုက်တာ"

"Hi "

"ကဲကဲ အိမ်ပြန်ကြရအောင် Daddy တို့နားချင်ပြီး "

"All right "

Mommy တို့ရောက်တာ တစ်ပတ်ပင်ပြည့်တော့မည် ကလေးကိုလွမ်းလွန်းလို့ ခဏသွားခိုးတွေ့ရတာလဲ တမျိုးသော ရင်ခုန်ခြင်းပင်ဖြစ်သည်။ငလည်မလေးက Mommy တို့နှင့်ပင် ရင်းနှီးပြီးချွဲနေတတ်သည်။

မိမိရဲ့အောက်စီဂျင်လေးက မြင်ရသူတိုင်း ချစ်ခင်ပါစေသား
ဆိုသည့် ဆုတောင်းပြည့်သည်ထင်ပါရဲ့...။အခုလည်းကြည့်
Mommy ကဒီနေ့ Italy spaghetti ကို ကိုယ်တိုင်
ချက်ကျွေးနေတာ လုပ်တာမပြီးသေး....

"Sweetie ဟိုဘက်အိမ်က ငယ်လေးကိုသွားခေါ်လိုက်အုံး
That day she told me she like spaghetti. "

"Okay, Mom "

သွက်လက်စွာထွက်သွားသည့် သမီးကိုကြည့်ရင်း ဒေါ်သက်နှင်းပြေ အသက်ပျင်းချမိသည်။သမီးတို့်နှစ်ယောက်
ကိုကြည့်ရတာ ခင်မင်မူဆိုတာထက်ပိုသယောင်ဖြစ်နေသည်မို့
မိမိထင်ထားသလို ဖြစ်မလာစေဖို့ ဆုတောင်းမိသည်။

"Daddy ရေ...ခဏလောက်လာကူပါအုံး "

"Okay,I'm coming "

"လက်ဖက်ရည်ကောင်းကောင်းလေး ဖျော်ပေးလိုက်အုံး
Daddy လက်ရာကို သမီးလေးက ကြိုက်တယ်လေ၊
အာဗြဟံ....လက်က လက်ပ်တော့ကိုချပြီး ပန်းကန်ထုတ်လိုက်အုံး "

ဥပေက္ခာDonde viven las historias. Descúbrelo ahora