Yearning ▪ 1

12.4K 611 7
                                    

▪ YEARNING  GAS ▪
________________

ကိန်းဂဏန်းတွေမဟုတ်ပေမယ့်လို့ တစ်ခါတစ်ရံမှာ
မှတ်ညဏ်ထဲမှာ တန်းစီနေတဲ့ နံပါတ်စဉ်လေးတွေက
သူ့ကို သတိရစေပါတယ်။ မိနစ် စက္ကန့်တိုင်းဟာ
ကျွန်တော်တို့ အတွက် အရေးပါလှသလို ပြောင်းလဲ
သွားတဲ့ ကိန်းဂဏန်းတိုင်းဟာလည်း ဖမ်းဆုပ်ဖို့
မလွယ်ကူ လှပါဘူး ၊ ဥပမာ . . . ကျနော်နဲ့ သူ့ကြားက
ရက်စွဲ တစ်ချို့ တွေ လို ။

" သေဆုံးချိန် နံနက် ၃နာရီ ၄၇ မိနစ် .  .  . "

တစ်စုံတစ်ယောက် လောကကြီးကနေ ပျောက်ကွယ်
သွားတဲ့ နာရီ မိနစ် စက္ကန့်တွေကို ကျွန်တော် မှတ်သားပေး
ရတယ် ။ ဒီလို အချိန်တွေ ကျော်လွန်သွားတိုင်း ၊
မျက်ရည် ဆိုတာတွေ ပိုများလာတယ် ၊ နောင်တ တရား
တွေနဲ့ တူတူ ဟစ်ကြွေးသံတွေရယ် ၊ မောပန်းသွားပြီ
ဖြစ်တဲ့ ချွေးစက်တွေနဲ့ ကျွန်တော်ရယ် . . . ။

ဒီနေ့ရဲ့ နောက်ဆုံးလူနာက ကျွန်တော့်လက်ထဲမှာပဲ
သေဆုံးသွားခဲ့ပါတယ် ။ သူ့နှလုံးသားဟာ ထာဝရ
ရပ်တန့်သွားပြီး ကျွန်တော်မကယ်နိုင်ခဲ့ပါဘူး ။
သို့ပေမယ့် ကျွန်တော် အကောင်းဆုံးလုပ်ခဲ့တယ်
ဆိုတာ ကျွန်တော့်ကိုယ် ကျွန်နော် သိတဲ့အတွက်
ဆေးရုံထဲကနေ ကားပါကင်တစ်လျှောက် မျက်ဝန်းနက်
တွေကို လျစ်လျူရှုနိုင်ခဲ့တယ် ။ လူဆိုတာ အချိန်တန်ရင်
သေမှာပဲ ၊ သူ့ကံကြမာကို ကျွန်တော် ပြောင်းလဲပေးလို့
လည်းမရသလို ကျွန်တော် ပစ်ထားခဲ့တာ လည်း မဟုတ် ။
အကောင်းဆုံး ကြိုးစားခဲ့တာပဲ ။ ဒါတွေနဲ့ပတ်သတ်ပြီး
ဖိအားဆိုတာမျိုးတွေ ရှိမနေခဲ့ဖူး . . . ။

မနက် ၄နာရီ အချိန်ဆိုတာ အလင်းရောင်တောင်
မထွက်သေးပေမယ့်လို့ ကျွန်တော်ကတော့
တစ်ရေးမှ မအိပ်ရသေးဘူးလေ ၊ ဂျူတီ ဆင်းတာနဲ့
မနက်ဖြန် ပိတ်ရက်ရထားလို့ အိမ်ကို တန်းပြန်ဖို့ ရာ
ကားမောင်းထွက်လာခဲ့ခြင်းဖြစ် သည် ။ ပုံမှန်အတိုင်း
တစ်ပတ် တစ်ကြိမ် ပြန်လာနေကျ ကျွန်တော့်အခန်း
လေးက ခြောက်သွေ့စွာ ကြိုနေမြဲ ။ ကျွန်တော့်ကို စောင့်
ကြိုနေတဲ့သူဟာ ဒီသက်မဲ့ အိမ်ကြီးက လွဲလို့ ဘယ်သူမှ
ရှိမှာ မဟုတ်တော့ပါဖူးလေ . . . ။

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now