Yearning ▪12

3.6K 432 58
                                    

▪Yearning Gas ▪
_______________

အကယ်၍ . . . နှစ်ကြာနေတဲ့ သူငယ်ချင်းအချစ်
ဟုဆိုလျှင်   . . . ကျွန်တော်တို့ ရဲ့ ပတ်သတ်မှုတွေက
ဒီနေရာမှာတင် ရပ်သွားမှာလား . . . ? ချစ်သူ ဆိုသည့်
ဆက်နွယ်ပတ်သတ်မှုထက် သူငယ်ချင်း အဖြစ်ကနေပါ
ပြီးမြောက်သွားမှာလား . .  ။

အကယ်၍ . . . ကျွန်တော့်ကို အစားထိုးခဲ့ပြီး
ယခုချိန်မှာ ပိုင်ရှင်ကို ပြန်ရှာတွေ့သွားလျှင် . . .
ဘာမှ သုံးစားမရတဲ့ အရုပ်တစ်ရုပ်လို ချောင်ထဲ
ထိုးခံ ရမှာလား ။ မရပ်တန့်နိုင်သေးတဲ့ အဲ့ဒီအတွေးတွေ
တစ်ခဏလေးပဲ ဖြစ်ဖြစ် မေ့ပျောက်ဖို့အတွက်နဲ့
အလုပ်တွေ ဖိလုပ်ရင်း ဆက်တိုက် သောက်မိခဲ့သည် ။
Alcohol နှင့် မတည့်သည့် ခန္ဓာကြောင့် ဤနေရာတွင်
ဒဏ်ပေးခံနေရသေးသည် ။

" ဝင်လာလို့ . .  ရမလား ။ "

အခန်းဝမှာ ရပ်နေကြသည့် ကောင်လေးနှင့်
ကောင်မလေး ။ မြင်ဖူးသလိုလို ရှိတာမို့
သေချာကြည့်လိုက်မိတော့ ဟိုတစ်ခါဘူဆန်မှာ
ဆုံခဲ့ ဖူးသော နှစ်ယောက်ဖြစ်သည် ။

" အင်း . . . ဝင်ခဲ့လေ ။ "

" သက်သာရဲ့လား . . . "

တကယ်ကို မသက်သာဘူးလို့ ဖြေလိုက်ချင်ပေမယ့်
သူမေးနေတာ ကျွန်တော် ခန္ဓာ က ဒဏ်ရာကိုပဲ ။
ရင်ဘတ်ထဲကိုမှ မဟုတ်တာလေ ။

" အင်း . . . မနက်ဖြန်ဆို ဆင်းလို့
ရပြီလို့ ပြောတယ် ။ " .

" သွေးကြောလေးပေါက်တာဆိုတော့
စိုးရိမ်စရာတော့မရှိပါဖူး . . . Alcohol လို
ပြင်းတဲ့အရာတွေကို မခံနိုင်တော့ ဖြစ်တာပါ ။ "

" အစ်ကို. . . တစ်ကယ် သက်သာနေပါပြီ ။
အဲ့ဒါက ခဏပဲ ခံရတာပါ . . . "

"  ဆရာ ဆယ်ဟွန်း လည်း လာပါလိမ့်မယ် ။
ဆရာ့ သူငယ်ချင်းတစ်ယောက် နေမကောင်းလို့
နေ့ရော ညရော စောင့်နေပေးရတာ လေ "

သူ့သူငယ်ချင်း . .   ။
ဘယ်သူများပါလိမ့်  ၊ ကျွန်တော့်ကိုတောင်
လာမကြည့်နိုင်လောက်အောင်ဆိုတော့ ပိုပြီး
စိတ်မကောင်းဖြစ်မိသည် ။ မနာလိုလည်း ဖြစ်မိသည် ။

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now