Yearning ▪3

3.7K 430 14
                                    

▪ Yearning Gas ▪
__________________

"မင်း အိမ်ကနေ ခိုးထွက်လာတာလား . . . ? "

အိမ်တံခါးရှေ့ သော့ပြန်ခတ်ဖို့ ပြင်နေတဲ့
ကျနော့်ကို လှမ်းကာ အော်မေးသော ဂျုံအင် ။
သူ့နံဘေးမှာတော့ ရပ်ကြည့်နေသူက အနွေးအကျီ
နက်ပြာရောင်နှင့်ဂျင်းရှည်လေးဝတ်ကာ
အကျီအိတ်ထဲ လက်ထည့်၍ စတိုင်ကျသော ခါအီ ။

" ခိုးထွက်စရာလား ..? ငါညထဲက ပြောထားပြီးပြီ ။
အိမ်မှာ ဘယ်သူမှ မနိုးသေးလို့ တိုးတိုးလေး ထွက်လာတာကွ . . . "

"အင်း ပါ . . . မင်းက ခိုးကြောင်ခိုးဝှက် ပုံစံလုပ်နေ
တာကိုး . . . လာ  . . .သွားကြမယ် . . .အေးလိုက်တာ "

ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် မနက်စောစော
စက်ဘီးသွားစီးကြရန် စီစဉ်ထားကြတာဖြစ်ပြီး
တကယ်တမ်းကျတော့ ဆန္ဒတွေစောလွန်းနေတာကြောင့်
မနက်၅နာရီပဲ ရှိသေးသည် ၊ လမ်းပေါ်ရောက်နေကြ
ပြီလေ ။ ကျွန်တော် က စက်ဘီးမပါလာတာကြောင့်
အလိုလိုနေရင်း ခါအီရဲ့ နောက်တွင် တက်ထိုင်
လိုက်ရသည် ။

ဂျုံအင်ကတော့ မမြင်ချင်ယောင်ဆောင်၍
ရှေ့မှ ထွက်သွားသည် ။ ခါအီရဲ့
ခါးနားက အကျီကို ကျွန်တော် အသာ
ဆုပ်ကိုင်တော့ စက်ဘီးလေးက စတင်ထွက်လေပြီ ။

" စက်ဘီးသွားစီးမှာကို . . . ဘာလို့ စက်ဘီးမယူ
လာတာလဲ . . . ?"

" မင်း နောက်ကနေ ထိုင်စီးချင်လို့ တမင်
မယူခဲ့တာ . . . "

" ကောင်းလိုက်တဲ့ဦးနှောက် . . . မင်း ကိုယ်လုံးက
ပေါ့ပေါ့လေးမို့ စီးနေတယ်တောင် မထင်ရဘူး "

" တော်သေးတာပေါ့ ၊ ငါက မင်းအရမ်းအားစိုက်
ရမှာကို စိတ်ပူနေတာ  . . . "

အကျီစလေးကို ပိုတင်းကြပ်အောင် ဆုပ်ကိုင်လိုက်ပြီး
အေးစက်နေသည့် လေထု ကို တဝကြီး ရှူရှိုက်လိုက်
ရတော့ ဦးနှောက်ရော ၊ တစ်ကိုယ်လုံး လန်းဆန်းသွား
သည် ။

" ပေး . .  . ငါ စက်ဘီးတွေ သွားအပ်လိုက်မယ် "

ဂျုံအင်က ခါအီရဲ့ စက်ဘီးကိုပါ ယူပြီး
သွားထားပေးတာကြောင့် ကျေးဇူးတင်မိသည်။
တကယ်တော့ ဂျုံအင်က ခါအီအတွက် အခွင့်အရေး
ဖန်တီးပေးတာကို ကျွန်တော်မရိပ်မိခဲ့ပါလေ . . .။

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now