▪Yearning Gas ▪
________________ကျွန်တော့်မန်နေဂျာ ရုံးမတက်ပေ . . . ။
စာတစ်စောင်သာ ပို့ထားသည် . . .။ အစိုးရ ဝန်ထမ်းသာဆိုလျှင် ပင်စင်တောင် ရမည့်လမ်းမမြင် . .။
လေးစားသမှုက ဤသို့ . . . ။ သူ့လောက် ကျန်းမာရေး
ကောင်းတာလည်း သူ . . . ၊ ဝီရိယ ရှိတာလည်းသူ ။
ဘာကြောင့်များ အလုပ်ပျက်ရလဲ . . . ?" ချန်း ! . . . ဘယ်မှာလဲ ဟ "
သူ့အခန်းကို ကျွန်တော်လိုက်သွားခြင်းပင် ။
တော်ရုံ ရုံးမပျက်ဖူးတော့ စိတ်ကလည်း ပူမိသား ၊
အခုအခန်းထဲ ဝင်လာတော့ အရိပ်တောင်
မတွေ့ရ . . . ။ ရေချိုးခန်းထဲကတော့ ရေသံ သဲ့သဲ့
ကြားနေရသည် ။" ချန်း . . . မင်းရေချိုးနေတာလား ? "
" ထိုင်နေတာ . . . "
ရေမချိုးဘူးလည်း ဆိုရဲ့ . . .။
ရေသံလည်း ကြားနေရတယ် ၊ ထိုင်လည်း ထိုင်နေတယ်
ဆိုတော့ မဟုတ်မှလွဲရော .. .ဒရမ်မာတွေထဲကလို
ရေပန်းအောက်မှာ ထိုင်နေတာလား ?" မင်း . . . ! "
ရေချိုးခန်းတံခါးကို ဖွင့်ကြည့်တော့ တွေးထားသည့်
အတိုင်းပင် . .. ။ ကလေးမဟုတ် သူငယ်မဟုတ်
ရေပန်းအောက်ထဲ ငိုနေလေတယ် ။" ဘာဖြစ်တာလဲ . . .? ဘာလို့
ရေတွေဖွင့်ပြီး ငိုတာလဲ ? "
" ရေဖွင့်ချပြီး ငိုတော့ ငါ့နှပ်ချေးတွေ မျက်ရည်တွေကို
အော်တိုသန့်စင်ပေးနေတာလေကွာ ၊ ဒီတိုင်းငိုတော့
တစ်သျှူးနဲ့ သုတ်သုတ်နေရတာ "ရော် . . .ခက်ချေပြီ ။
သူ့ဘာသာသူအပြင်ထွက် ။ဖြေချင်ရာဖြေ ။
ရေစိုဝတ်တွေကို လဲပြီး ပုဝါတစ်ထည်ကို
မြန်မာပြည်က သီလရှင်ဆရာလေးတွေ ပုဝါခြုံသလို
ခြုံထားပြန်တယ်။" ငါမေးတာ လည်းဖြေဦးဟ !
အချိန်မရှိဘူး ။ ငါရုံးသွားရဦးမယ် "" သူငယ်ချင်း ဂျုံအင် . . . ! နှုတ်ဆက်ခဲ့တယ်ကွာ
ငါသွားသင့်နေပြီ "" အစမရှိ အဆုံးမရှိ ။
ဘာလဲ . . . ? ဘယ်ကိုလဲ . . ? "" တောင်ပေါ်က ဘုန်းဘုန်းကျောင်းကို . . .
ငါအဲ့ဒီမှာပဲ အုန်းမောင်းခေါက်ပြီး
နေတော့မယ် ဂျုံအင်ရာ . . ."
YOU ARE READING
[ Yearning Gas ]《 Completed 》Unicode / ZawGyi
Fanfiction( OH SEHUN × KIMJONGIN ) SOMEONE HAS MANY NUMBERS BUT ANOTHER ONE KEPT THE NO.1 IN HIS HEART.