▪Yearning Gas ▪9
_________________"ငါတို့ သူငယ်ချင်းလိုပဲ ပြန်နေကြရအောင် . . .
တောင်းပန်ပါတယ် . . မင်းက ငါ့ရဲ့ အကောင်းဆုံး
သူငယ်ချင်းတစ်ယောက်ပါ . . . "အတင်းငြင်းဆန်နေပေမယ့် ဂျုံအင်က
ကျွန်တော့် ကိုလှည့်မကြည့်ပဲ ကျောခိုင်းသွားသည် ။
လက်တစ်စုံကို လှမ်းကာကိုင်စွဲချင်ပေမယ့်
မရဲတင်းခဲ့ပေ . . . ။" Innie . . . ! "
" ဟင် . . . ဟွန်း ဘာဖြစ်လို့လဲ ?
ကိုယ်ရှိတယ်လေ . . . ။ "ကျွန်တော်အိပ်မက်မက်နေတာပဲ ။
ဂျုံအင်က ခါအီကျွန်တော့်ကို ပြောခဲ့တဲ့
စကားအတိုင်း တစ်ထပ်တည်းကို ပြောပြီး
ကျောခိုင်းသွားတယ် . . . ။ ဟင့်အင်း . . .ဂျုံအင်
မင်းပါ ထပ်ပြီး ဆိုရင်. .. ငါ ရူးသွားနိုင်တယ် ။" မိုးလင်းနေပြီလား . . . ။
မိုးလင်းမှ အိပ်မက် မက်ရတယ်လို့ . . . "" အိပ်မက်ထဲမှာ ကိုယ့်အကြောင်းကို
မက်နေတာလား . . . ။ Innie လို့ အော်သံကြားလိုက်
သလားလို့ . . ။ "" ဟင် . . .အင်း ဘာမှမဟုတ်ပါဖူး ။
Innie အလုပ်သွားဖို့ ပြင်ဦးလေ . . . ၊ ဟွန်း မနက်စာ
လုပ်ထားပေးမယ် ""ဟွန်း ဒီနေ့ ဂျုတီ ဝင်ဦးရမယ်
မဟုတ်ဖူးလား ။ "" မသွားချင်ဘူး . . . ။ ခရီးလွန်နေတယ်လို့
ပြောပြီး တစ်ရက်လောက်ပြေးလိုက်ဦးမယ် . . . ။ "" ဟင်း . . .ငပျင်းလေး "
" ဟုတ်ပါဖူးနော် . . . ဒီနေ့ Innie တို့ရုံးကိုလိုက်မလို့
အလုပ် တစ်ရက်ပျက်တာ ညပိုင်းဖြည့်ပြီး
ဆင်းပေးလိုက်ရင် ရတာပဲလေ . . . "" ညပိုင်းတော့ ဆင်းမနေပါနဲ့တော့ ၊
ပင်ပန်းတယ် "" ဟွန်း ကို ပိုက်ဆံတွေ အလကားပေး
ထားတာမှ မဟုတ်တာ Innie ရဲ့ ။ တစ်ရက်လည်း
တစ်ရက် တွက်ချက်ထားတာ လစာထုတ်ရင် လျော့
လိမ့်မယ် ။ "" ဘယ်တုန်းက လောဘကြီးတတ်သွားတာလဲ ?
ဟွန်းအတွက် တိုက်ခန်းတစ်ခန်း ၊ အလုပ်အကိုင်ရော
ရှိနေတာပဲလေ . . . "
YOU ARE READING
[ Yearning Gas ]《 Completed 》Unicode / ZawGyi
Fanfiction( OH SEHUN × KIMJONGIN ) SOMEONE HAS MANY NUMBERS BUT ANOTHER ONE KEPT THE NO.1 IN HIS HEART.