Yearning ▪6

3.4K 405 45
                                    

▪Yearning Gas ▪
_______________


Note: 'အင်းနီး ' ဆိုတဲ့ နာမည်ကို မြန်မာလို ဖတ်ရတာ
အစိမ်း သက်သက်ဖြစ်နေမှာ စိုးရိမ်လို့အင်္ဂလိပ်လို ( Innie) ပဲ ရေးလိုက်ပါတယ်. . . 》

အကြံဖြစ်မိတဲ့အတိုင်း အွန်လိုင်းကနေ ရှာပေမယ့်
ဘာမှ ရေရေရာရာ မထွက်လာပေ ။ လက်ထပ်ခွင့်
တောင်းတာတို့ ၊ နှစ်ပတ်လည်နေ့ အတွက် အံ့ဩအောင်
စီစဉ်ပုံတွေ ၊ မွေးနေ့လုပ်ပေးတာ တို့ ပဲ အများဆုံး
တွေ့ရတယ် ။ ကျွန်တော်တို့ အခုလိုနေတာက အဲ့ဒါမျိုးမဟုတ် . . . ။

ကျွန်တော့်အကျင့်ကလည်း နည်းနည်းလေးမှ
အိပ်ရေးပျက်လို့ မရခြင်း ပင် . . . ။ အိပ်ရေးလေး
ပျက်တာနဲ့ နောက်နေ့ အလုပ်သွားရင် ခေါင်းက အလိုလိုနေရင်း ရှုပ် နေရော . . . ။ ဒီညလည်းပုံမှန်
အိပ်ချိန်ထက် ၂ နာရီတောင် နောက်ကျနေပြီ ။ လက်တော့(ပ်) နှင့် အကြည့်မခွာရသေး တာကြောင့်
ဇတ်တွေရော ၊ မျက်ရိုးတွေပါ ညောင်းကိုက်လာလေပြီ။

" သား . . . မအိပ်သေးဘူးလား ။ အလုပ်တွေများ
နေတာလား "

ငှက်ပျောသီးဖျော်ရည်တစ်ခွက်ကို
ကိုင်လို့ ဝင်လာတဲ့ မေမေကြောင့် ဝင်နေတဲ့
ဝက်(ဖ်)ဆိုက်(ဒ်) ကနေ မြန်မြန်ထွက်လိုက်ရတယ် ။

" အိပ်တော့မှာ မာမီ. . . နောက် ၅မိနစ်လောက်နေရင် ။ "

" ရော့ . . သောက်လိုက်ဦး ။ ဒီမှာ . . အားဆေး"

တစ်အိမ်လုံးက တော့ အလုပ်ထဲ မှာပဲ အချိန်ကုန်
နေတဲ့ ကျွန်တော့်ကို ဂရုစိုက်ကြပါတယ် ။ ခရစ်စမတ်
နေ့ကျမှပဲ မိသားစုအတွက် အချိန်ပေးရတော့မယ် ။
အိပ်တော့ဖို့ မှာပြီး ထွက်သွားတဲ့ မာမီ့ ရဲ့ တံခါးပိတ်သံ
ကြားမှ ကျွန်တော်လည်း လက်တော့(ပ်) ပိတ်ကာ
အိပ်ယာဝင်လိုက်တော့တယ် ။ မနက်ဖြန်ဆို 'ဟွန်း'က
ရုံးကို လာမှာတဲ့ . . . ။ အရမ်းများ ထူးဆန်းနေမလား။
မဟုတ်ပါဘူး. .ပုံမှန်ပါပဲ အရင်ကလည်း လာနေကြပဲကို. . .ပုံမှန်ပါပဲ . . . ဂျုံအင်ရဲ့. . . ။

ဒီနေ့ကျမှ ရုံးကို လာဖို့ သပ်သပ်ရပ်ရပ် ပြင်ဆင်နေမိတယ်။ ညီမလေးပြောသလိုပဲ
ပြောင်းလဲနေမိလိုက်တာ. . .။ ပတ်ဝန်းကျင်ကိုတောင်
မေ့နေတယ် . . .၊ ပိုကြည့်ကောင်းမယ့် အညိုရောင်
ကုတ်အရှည်ကို ဝတ်ပြီး စတိုင်ကျစေမယ့် အနက်ရောင်
နာရီလေးကို ပတ်လိုက်တယ် ။ တစ်လောကမှ အသစ်ဆိုးထားတဲ့ ဆံပင် နီညိုရောင်လေးကို သေချာဖြီးပြီးတော့မှ ရုံးသွားဖို့ပြင်လိုက်တယ်။

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now