Yearning ▪7

3.5K 431 46
                                    

▪Yearning Gas ▪
_________________

" ဘယ်လိုလဲ . . . အလုပ်မသွားနိုင်ဖူးလား ? "

ကျွန်တော့်အခန်းထဲ လာဝင်နှိုးသော မာမီအား
ခေါင်းခါပြလိုက်သည် ။ ရုံးချိန်လွန်သည်အထိ
အိပ်ယာက မထနိုင်သေးတဲ့ ကျွန်တော့်ကြောင့်
လာဝင်နှိုးရခြင်းဖြစ်သည် ။ ဘာပဲ ဖြစ်ဖြစ် ရုံးတော့
သွားရမည် . . . ။ ဒီနေ့ သူ ရုံးကို လာရင် လာနိုင်တာမို့ ။

" ကျွန်တော် သွားမှာပါ . . . ။ "

" မနက်လင်းခါနီးမှ ပြန်လာပြီး . . .
အခုပြန်ထသွားမလို့လား . . . ။ အိပ်ရေးပျက်လို့
ဘေးနားကလူတွေကို လျှောက်ရမ်းနေရင်
မာမီ တိုင်သံမကြားချင်ဘူး နော်   . .  ။ "

" ဟာ . . . မာမီကလည်း . . . "

ရေချိုးခန်းထဲ ပြေးဝင်သွားလိုက်ပြီး မျက်နှာကို
အရင်သစ်လိုက်သည် ၊ ကျွန်တော့်ရင်ဘတ်က အလိုအလျောက် တဒိန်းဒိန်းဖြစ်နေသည် ။ ဖြစ်နိုင်ရင်
ငယ်ငယ်ကလို. . . မူကြိုမသွားချင်ဘူး . . . ဟု
ခြေထောက်ပွတ်ပြီးသာ ထိုင်ငိုလိုက်ချင်တော့သည် ။

............................... YG ................................

ညအချိန်ကား ၁၀နာရီပင်ကျော်နေပြီ ။
အခန်းထဲက ဟွန်း ပြန်လည်းမထွက်လာ . . . ၊
ဘာလုပ်ရမည်လဲ .. . ? ဒီတိုင်း ထပြန်သွားရမှာလား ။
အိမ်ကလည်း စိတ်ပူနေရောပေါ့ . . . ဒါထက်ဆိုးတာက
ဟွန်း . . . ။ အိပ်နေပြီလား . . .စိတ်ဆိုးသွားတာလား ။ ဒါမှမဟုတ် ငိုနေသလား . .?  ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသူက ကျွန်တော် ။

သူလည်း ထွက်မလာ . . .သူ့ကိုလည်း သွားမခေါ်ရဲတဲ့
ကျွန်တော်က ဧည့်ခန်းမှာပဲ ညလုံးပေါက် တွေဝေနေခဲ့ရ
သည် ။ မနက်လင်း ၄နာရီလောက်ဆိုရင် အိမ်က အဒေါ်ကြီး နိုးနေတတ်ပြီမို့ ဟွန်းရဲ့ အခန်းတံခါးရှေ့မှာ
စာရွက်လေးနှင့် မှတ်စု တိုလေး ရေးထားခဲ့လိုက်သည် ။
ကျွန်တော် ပြန်သွားပြီ ဆိုတဲ့ အကြောင်းနှင့် တောင်းပန်တဲ့အကြောင်း . . . ။

အိမ်ရောက်တော့လည်း လုံးဝ အိပ်မရ . . . ။
ကိုယ့်နှုတ်ခမ်းကိုယ်သာ ပြန်ကိုင်နေမိရင်း
လက်ယောင်လိုက်ပြီး ဖောင်းတက်လာမည့်အရာဆိုလျှင် ပူစီဖောင်း ဖြစ်နေ ရော့မည် ။
အတင်းကြိုးစားပြီးအိပ်လိုက်မှ အိပ်ပျော်သွားတာကြောင့် မနက် မထနိုင်ခြင်း ဖြစ်သည် ။

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now