Yearning ▪4

3.3K 427 22
                                    

▪YEARNING GAS ▪
____________________

ဆယ်ဟွန်းဆီက စာတစ်စောင် ရောက်လာခဲ့ပေမယ့်
ဂျုံအင် ဖွင့်မကြည့်ဖြစ်ခဲ့ . . . ၊ အရင်ကဆို ဂျုံအင်ရဲ့ ကဒ်ထဲက ချန်းသုံးလိုက်တဲ့အခါ  . . . ၊ ရှင်းအယ် သုံးလိုက်တဲ့အခါ ဝင် ဝင်လာနေကျတဲ့ အကောင့်စာတွေ ။
ဒါကြောင့် သူမကြည့်မိတော့တာပါ ။ပြီးတော့ ဂျုံအင်ညီမက ကော်ဖီဖိုးနဲ့ စာအုပ်ဖိုးက လွဲရင် ဂျုံအင့် ပိုက်ဆံကို သုံး တတ်သူမဟုတ် ။ ဆယ်ဟွန်းဆိုရင်လည်း
စာရိုက်ဖို့ ပျင်းလွန်းလို့ . .  . ။

" ဒီနေ့ ကိုကို လမ်းကြုံတယ်မလားဟင် . .. ။
ရှင်းလေး ရဲ့ သင်တန်းကို ဝင်ပို့ ပေးနော် "

" အင်း  . . . စားပြီးရင် အိတ်တွေ ကားထဲ
ထည့်ပြီးစောင့်နေလေ ၊ ကိုကို အဝတ်အစားလဲ
ပြီးတာနဲ့ ဆင်းလာခဲ့မယ် ။ "

" ကိုကို မနက်စာ မစားတော့ပြန်ဘူးလား . . .?"

" ကိုကို ရုံးရောက်ရင် စားမှာပေါ့. . ."

" အဲ့ဒါဆိုလည်း ရှင်းလေး သွားစောင့်
နေတော့မယ် နော်  . . . "

တံခါးသေချာပိတ်ကာ ထွက်သွားတဲ့ ညီမလေး ။
ဒီလို ညီမလေး တစ်ယောက်ရတာ ဘယ်လောက်
ကံကောင်းလိုက်သလဲ ။ အသက်ကလည်း ၈နှစ်နီးပါး
ကွာတာမို့ အစ်ကိုကို လူကြီးတစ်ယောက်လို ရိုသေ
တတ်သေးတယ် ။

ကားပေါ်မှာ အဆင်သင့်ထိုင်စောင့်နေရင်း
ကိုကို့အလုပ်အိတ်တွေထဲက ဖုန်းကို ယူကြည့်မိသည်။
တကယ့်ကို နှစ်ယောက်မရှိတဲ့ ကိုကို . . . ။
ဟိုတစ်ခါ ဘူဆန်လာတုန်းက B612 နဲ့ ရိုက်ပေးလိုက်တဲ့
သူ့ပုံကြီးကို Wallpaper ထားလို့ရယ် ။ ခွီး . . .လှလည်းမလှပဲ. . . ။

" စာတွေက ဒီလောက်ဝင်နေတာ . . .။
ဝန်ဆောင်မှု ရုံးတွေက စာတွေကို ဖုန်းအလေးခံပြီး
သိမ်းထား . . . "

ရှင်းအယ် စာတွေကို ဖျက်ဖို့ကြံရွယ်နေကာမှ
ထူးထူးဆန်းဆန်း ဆယ်ဟွန်းနီး ဆိုသော အမည်နာမမှ
တစ်စောင်တည်း ဝင်နေသော စာကို ဖတ်လိုက်မိသည် ။
ဆယ်ဟွန်းဆိုတာ ဘယ်လိုလူမျိုးလဲ . . . ။ အိမ်မှာလည်း
မမ ယွန်းဟီး နဲ့ ခဏခဏ ဝင်လိုက်ထွက်လိုက် တွဲသွားနေကြတာ မြင်နေရတာမို့ ကိုကို့ကို မေးမလို့တောင် လုပ်ထားတာ ။ အခု ဆယ်ဟွန်း ဆိုတာက. . . ?

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now