Yearning ▪10

3.3K 435 14
                                    

▪Yearning Gas ▪
________________

မနေ့တုန်းက ဟွန်း စိတ်များဆိုးသွားမလားဆိုပြီး
ကိတ်မုန့်လေးနဲ့ ပြန်ချော့ခဲ့ရတာ . . . ၊
အခုကျတော့ အခြေအနေတွေက ဘာတွေဖြစ်ကုန်
မှန်း ဝေခဲရခက်စွာပဲ ။ တိတ်ဆိတ်နေတဲ့ ဟွန်းအနားကို
လျှောက်လှမ်းသွားလိုက်ပြီး ပုခုံးကို သာသာဆုပ်ကိုင်
လိုက်သည် ။ ထိုအခါ ဟွန်း ဆိုလိုက်သောစကားလုံး
လှလှများသည် ပွဲကြည့်ပရိသတ်တို့အတွက် ပိုမို
အံ့အားသင့်စေခဲ့သည်။

" ဟွန်းရဲ့ Innieက  ဘာလို့ အခုမှ
ရောက်လာတာလဲ . . . ၊ ဟွန်းဖြင့် တစ်နေ့လုံး
သတိရနေတာ ။ ဒီရင်ခွင်ကြီးကို "

ဆိုရင်း ရင်ခွင်ထဲတိုးကာဝင်လာသော ဟွန်း ။
ခါအီတို့နှစ်ယောက်လုံးကတော့ ဘာစကားမှ
ထွက်မလာသည့်တိုင် မှင်သေလို့ ။ ခါအီလည်း ဘယ်ထင်
ထားပါ့မလဲနော် ။

" အင်း . . .ကိုယ်အလုပ်ပြီးတာနဲ့
တန်းဝင်လာတာပဲလေ ။ ဟွန်း သတိရနေမှန်း
သိလို့ . . . ။ "

" ဂျုံအင် . . . မင်းတို့ နှစ်ယောက်က . . .
တွဲနေကြတာလား ? "

ကျွန်တော့်ကို တိုက်ရိုက်မေးလာသော မေးခွန်း
ဖြစ်သော်လည်း အဖြေသည် နောက်ကျနေသည် ။
သူငယ်ချင်း ရဲ့ ရည်းစားကို ဖြတ်လုသည်လည်း
မဟုတ် . .   ၊ ခုချိန်မှာ သူတို့ဟာ ဘာမှ မသက်ဆိုင်တော့ ။
သို့ပေမယ့်လည်း ဒီအခြေအနေက ဟွန်းအတွက် တစ်မျိုး
ဖြစ်စေသည်လေ ။ သူငယ်ချင်းနှစ်ယောက်ကို
အလှည့်ကျ တွဲ လိုက်သလိုမျိုး မြင်စေသည် ။

" ဟုတ်တယ် ။ ဂျုံအင်နဲ့ ငါတွဲတာ
တစ်လတောင်ပြည့်တော့မယ် ။ တစ်ခါမှ
စိတ်လည်းမဆိုးဖူးဘူး ။ ရန်လည်းမဖြစ်ကြဘူး ။
ဂျုံအင်က အရမ်းနားလည်ပေးတာ ။ "

သို့သော် သူက တွေဝေမှု ကင်းစွာဖြင့်
သွက်လက်စွာဖြေလိုက်သည် ။ စကားလုံး
လေးများကို ကြည့်လျှင် ခါအီကို အရွဲ့တိုက်ကာ
ပြောဆိုနေမှန်း သိနိုင်သည်။ ဟွန်းရယ် . . .
ခါအီကို အရွဲ့တိုက် နေလို့ ထူးမှ မထူးတော့တာ ။
သူချစ်တာ မင်းမဟုတ်တော့ဖူး လေ ။

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now