Yearning ▪11

3.4K 445 56
                                    

▪Yearning Gas ▪
_________________

" ဟွန်းလေ . . . လူနာရဲ့ အသက်ကို ကယ်နိုင်
ခဲ့တယ် သိလား . . . ? "

ငိုသံစွက်နေသည့် ဟွန်း အသံလေးက
ကျွန်တော့်ဆီကိုပါ အပျော်ကူးစေသည် ။
ကြည့်ပါလား   . . . ၊ သူ့ကိုယ်သူ ခွဲစိတ်ဆရာဝန်လို့
ဘယ်လိုပဲ ပြောပြော ပထမဆုံးအကြိမ် ခေါင်းဆောင်
တစ်ယောက်အနေနဲ့ ခွဲခန်းဝင်တာကို သူလုပ်နိုင်ခဲ့တော့
ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတာလေ ။

" ဟွန်းက အတော်ဆုံးပဲ ။ အားရီးဂူး . . .
ဘယ်သူ့ရဲ့ အသည်းနှလုံးပါလိမ့် . . . ? "

ခွဲခန်းထဲက ထွက်လာလာချင်း ကျွန်တော့်ကို
ဖုန်းဆက်ပြီး ငို၍ ပြောနေသည့် ဟွန်းအား
ချက်ချင်းပင် ပြေးဖက်ချင်မိသည် ။

" အရေးထဲမှာ သူက ဝင်ပြီး နာမည်ဝင်ယူ
ချင်သေးတယ် . . . ၊ တခြား ဆရာဝန်က သွေးကြောပေါက်အောင် လုပ်မိလိုက်လို့
ရုတ်တရက် သွေးတွေ ဟွန်းမျက်နှာကိုပါ စင်လာတာ ။
သွေးပေါင်တွေလည်း ကျသွားပီး လက်လွှတ်လိုက်ရပြီ
ထင်တာ . . . ၊ ဟွန်း ကြောက်နေခဲ့တာ . . . သိလားလို့ !"

" ကိုယ်သိပါတယ် . . .ဟွန်းလေးရဲ့ ။
ဒါပေမယ့် ကိုယ့်ရဲ့ ဟွန်း လုပ်နိုင်မယ်လို့
လည်း ကိုယ်ယုံကြည်တယ်လေ . . . ။ မငိုနဲ့တော့နော် . .တိတ်တော့ "

" ဟွန်းလေ . .အခုသိသွားပြီ ။ အဲ့ဒီခံစားချက်ကို . .!
လူနာကို အသက်ရှင်အောင် လုပ်ပေးနိုင်လိုက်တဲ့
ခံစားချက် .. . "

" ကိုယ့်ရဲ့ ဟွန်းက ဆရာဝန်ကောင်းတစ်ယောက်
ဖြစ်လာမှာ ပါ   . . . ။ ရှေ့လျှောက် ကိုယ့်ကျန်းမာရေး
အတွက်လည်း မပးရတော့ဘူးပေါ့ . .ဟီး "

" မနက်ဖြန်ကျရင် ဟွန်းနဲ့ လျှောက်လည်ကြ
မလားဟင် ။ ဂျူတီက ညမှ ဆိုတော့လေ ၊ Innie လည်း
ရုံးပိတ်တယ်မလား . . . ?"

" ကောင်းပြီလေ . . . ။
အိမ်မှာ ကိုယ်လာခေါ်လိုက်မယ် . . .  ။ "

မနက်ဖြန်က ကျွန်တော်တို့အတွက်
ပထမဦးဆုံး ဒိတ်ဆိုရင်လည်း မမှားပါဘူး ။
နှစ်ယောက်လုံးအတွက် အစိမ်းသက်သက် ဖြစ်နေတဲ့
ဒိတ်လုပ်ခြင်း က ပျော်ရွှင်ဖို့ကောင်းပါ့မလား  . . .?

[ Yearning  Gas ]《 Completed 》Unicode / ZawGyi Where stories live. Discover now