3

13.8K 1.2K 26
                                    


Zawgyi

"jung kook ဟို မှာ မင်းရဲ့ hyung မှတ်လား....''

Bam Bam ညွှန်ပြရာကို ကြည့်လိုက်တော့ jimin hyung ရယ် ji sang ရယ် သူမသိတဲ့ အခြားအမျိုးသမီးတစ်ယောက် ဆိုင်ထဲကို ဝင်လာသည်။

"jung kook မင်း hyung ကတော်တော်ချောတာပဲ သူနဲ့ပါလာတဲ့ အမျိုးသမီး ကဘယ်သူလဲမသိဘူးနော်....''

jung kook တစ်ယောက် Bam Bam ကို ဘုကြည့်ပြန်ကြည့်ရင်း....

"ငါက ဘယ်လိုလုပ်သိမှာလဲ.....''

"မသိလို့မရဘူးလေ jimin hyung က ji sang ရဲ့အဖေလို့သာပြောတယ် ချောမောပြီး နုဖတ်နေတာပဲ ငါကသူများနောက်ပါသွားမှာစိုးလို့ပြောတာ.....ပြီးတော့ မင်းလည်း ji sang နဲ့မခွဲနိုင်ဘူးမှတ်လား.....''

ဘောင်းဘီ ရှည် အနက်ရောင်နှင့် ကုတ် အင်္ကျီ အမဲရောင်ကို တွဲဝတ်ထားပြီး အတွင်းမှာ ဝတ်ထားသည့် shirt အင်္ကျီ နက်ပြာရောင်၏ ကော်လံအစွန်းက ဖြူ ဝင်းနေသည့် မေးရိုးမှာ ထင်းနေသည်။

ဟုတ်တယ် hyung က အပြစ်ဆိုစရာမရှိလောက်အောင်ကို တစ်ကယ်ချောမော ပြည့်စုံတဲ့သူတစ်ယောက်ပါ။

jung kook သက်ပြင်း အသာချရင်း.....

"ji sang က ဘယ်သူ့နောက်ပါပါမပါပါ ငါတို့ကဆိုင်သာဆိုင်တယ် ပိုင်မှ မပိုင်တာ.....''

"မင်းကလည်းကွာ အခုကတည်းက လက်လျော့ပြီး....ငါကတော့ jimin hyung ကိုမင်းနဲ့ပဲ သဘောတူတယ်.....''

"ဘာ....မင်းကလည်း ယောက်ျား ချင်းကြီးကို hyung ကြားရင် ရယ်နေအုံးမယ်.....''

"မသိဘူး ငါကတော့ အဲ့ဒီ အမျိုးသမီးထက် jimin hyung က မင်းနဲ့ပိုလိုက်တယ်လို့ထင်တယ်.....''

"kook kook....''

"ဟင်....''

ကိုယ့်စကားနဲ့ကို အားရုံးပြောင်းသွားကြစဉ် ဘေးနာကို ji sang ရောက်လာတာကို နှစ်ယောက်သား သတိမထားမိလိုက်ကြပေ။

"ji sang.....''

"kook kook က သားကိုမြင်ရဲ့သားနဲ့ မခေါ်ဘူး.....''

"ဪ မင်းက မင်း appa နဲ့ ရှိနေတဲ့ဟာကို....''

"သားက ရုပ်ရှင်ကြည့်ချင်လို့လိုက်ခဲ့တဲ့ဟာကို ကြည့်လည်းမကြည့်ရဘူး....''

There For You (Completed)Where stories live. Discover now