36

5.9K 530 67
                                    

Zawgyi


တစ်ရှုံရှုံ့ငိုနေတဲ့ Omma ရယ် ဆေးရုံကြမ်းပြင်ပေါ်လူးလိမ့်နေတဲ့သားကြောင့် Jimin ဆွဲထားတဲ့အထုတ်တွေကိုလွှတ်ချပစ်လိုက်မိသည်။

"Omma ဘာဖြစ်တာလဲ!!......"

"သားငယ်....သားငယ်လေး အသက်ရှူစက်ကအလုပ်မလုပ်တော့ဘဲ နှလုံးခုန်ရပ်သွားလို့........''

နှစ်ရက်ကျော်သုံးရက်အတွင်း သတိရမလာသေးတဲ့ချာတိတ်က စက်ကိရိယာတွေအကူနဲ့ပဲ အသက်ကိုဆွဲဆန့်နေရသည်၊ အိမ်လည်းမပြန် အလုပ်တွေလည်းဒီအတိုင်းပစ်ထားခဲ့တာ အခုချိန်အရေးအကြီးဆုံးက ဒီလူသားပင်၊ သားနဲ့ Omma စားဖို့တစ်ခုခုသွားဝယ်ပေးလိုက်တဲ့ တစ်ခဏအတွင်း ဖြစ်ပျက်သွားတာက သူ့ရင်ကိုသံရည်ပူနဲ့လောင်းနေသည့်အတိုင်းပင်။

"သားကြီး Omma တို့ သားငယ်လေးကို လက်လွှတ်လိုက်ရတော့မယ်ထင်တယ်.......''

မျက်ရည်တွေအရွှဲသားနဲ့ပြောလာတဲ့ Omma ရဲ့ထိုစကားကို အခုအချိန်မှာ သူတကယ်ကြားနိုင်စွမ်းမရှိပါ၊ မှန်တံခါးကနေမြင်နေရတဲ့ ဆရာဝန်တွေရဲ့ပြားပန်းခက်လှုပ်ရှားမှုတွေကြား ချာတိတ်ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ခပ်ကြိတ်ကြိတ်ဆုတောင်းနေမိသည်။

ငိုယိုနေတဲ့သားကိုကောက်ပွေ့ပြီး အငိုတိတ်အောင်ချော့ရသည်၊ အပူသည်ရုပ်နဲ့ Jimin ပုံစံကသုံးလေးရက်အတွင်းတော်တော်လေးလည်းအိုစာသွားခဲ့သည်။

"သားမငိုနဲ့.....သားရဲ့ Kook Kook က ဘာမှမဖြစ်ဘူးနော် Appa တို့ဆီပြန်လာမှာ.......''

သားကိုချော့မော့နေတဲ့ Jimin က မျက်ရည်တစ်စက်မကျဘူး၊ အခုအချိန်သူသန်မာနေမှဖြစ်မှာ၊ သူပြိုလဲတာနှင့် နောက်ဆက်တွဲဖြစ်လာမယ့်အကျိုးဆက်တွေကအများကြီး၊ Jimin အံကိုခပ်တင်းတင်းကြိတ်ထားရင်းက သားရဲ့ပါးပြင်ပေါ်တောက်လျှောက်ကျနေတဲ့မျက်ရည်တွေကို ခပ်ဖွဖွသုတ်ပေးသည်။

"အဟင့်....အင့်.....Apaa... အင့်.....Kook Kook က သားတို့ကိုထားမသွားပါဘူးနော်.....အဟင့်.......''

"ထားမသွားပါဘူး......သား Kook Kook က Appa တို့ကို ဘယ်တော့မှထားမသွားဘူး......သားတိတ်တော့နော်.......''

There For You (Completed)Where stories live. Discover now