9

10.2K 1K 63
                                    


Zawgyi


''Omma သား အပြင်သွားအုံးမယ်....''

Jung Kook တစ်ယောက် အိမ်အပေါ်ထပ်မှ ပြေးဆင်းလာကာ မီးဖိုခန်းထဲမှာ ရှိတဲ့ Min Ah ကို လှမ်းအော်နေတာ ဖြစ်သည်။

''Omma သားနောက်ကျမယ်နော်...ညနေစာကိုပါ အပြင်မှာဘဲ စားခဲ့မှာ...''

လှေကားရင်းမှာထိုင်ကာ ဖိနပ်ကြိုးကိုချည်နေရင်းမှ ထပ်၍ လှမ်းအော်နေပြန်သည်။

Jung Kook ဖိနပ်ကြိုးချည်လို့ မပြီးသေးခင်မှာပင် Min Ah က မီးဖိုခန်းထဲမှ ပြေးထွက်လာသည်။

''သား တစ်နေကုန် ဘယ်လျှောက်သွားအုံးမလို့လဲ...မင်း Hyung သိရင် ဆူနေအုံးမယ်....''

Min Ah အပြောကြောင့် Jung Kook ရဲ့ မျက်ခုံးတန်းလေးနှစ်ခုက တွန့်ကုတ်ကျသွားသည်။

ဘယ်နှယ့် ဒီလူကြီးနဲ့ ယူတောင်မယူရသေးဘူး ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဟိုမသွားနဲ့ ဒီမသွားနဲ့နှင့် ကန့်သတ်ချက်တွေကလည်း များလွန်းလှသည်။

ကြာလာတော့ ယခင်ကတည်းက ဆက်ဆက်ထိမခံ စိတ်လေးရှိသည့် Jung Kook တစ်ယောက်ပေါက်ကွဲလေတော့သည်။

''Omma ကလည်း Bam Bam နဲ့ ချိန်းထားလို့ တစ်ခါတစ်လေ သွားတာဘဲကို ပြီးတော့ သားကငယ်တော့တဲ့အရွယ်လဲ မဟုတ်တော့ဘူး....Jimin Hyung ဆိုတာကလည်း တစ်နေ့တစ်နေ့ သာကိုဘဲ ပြောဖို့ဆိုဖို့ကို မျပ်စိထောင့်ထောက်ပြီး ကြည့်နေလားမသိဘူး....''

''ဟဲ့သား အဲ့လိုမပြောရဘူးလေ...သား Hyung က သားကို ကောင်းစေချင်လို့ ပြောတဲ့ဟာကို....''

''ဟွန်း!! မသိဘူး နားကို ညည်းတယ်....အဘိုးကြီး အမြင်ကိုကပ်တယ် ကြည့်မရဘူး ဟွန်း!!...''

ပယ်ပယ်နှယ်နှယ် နှာခေါင်းလေးရှုပ်ပြီး ပြောနေတဲ့ Jung Kook ကိုကြည့်ကာ Min Ah တစ်ယောက် ရင်ဘက်ကို ဖိမိသည်။

''သားကိုမှ မပြောမဆိုရရင် ဆရာမလုပ်ရင် သူ စားမဝင် အိပ်မပျော်ဘူး ထင်ပါရဲ့....''

''သြော်!! ဒီကလေးနှယ် အဲ့လို မပြောရဘူးလေး....''

''ပြောပါစေ Omma....''

''ဟယ်!!သား!!...''

''ဟင်!! Hy...Hyung....''

အနောက်ဘက်ကနေ ရုတ်တရက်ကြီးရောက်ချလာကာ ပြောလိုက်တဲ့ Jimin ကြောင့် သားအမိနှစ်ယောက်သား အံသြသွားကြသည်။

There For You (Completed)حيث تعيش القصص. اكتشف الآن