37

6.2K 542 96
                                    


Zawgyi


"ခိခိ..... ဟိ.......''

ရုတ်တရက်ကြားလိုက်ရတဲ့ရယ်သံတိုးတိုးလေးမှာ အော်ဟစ်ငိုယိုနေတဲ့ Ji Sang အငိုတိတ်သွားတယ်၊ သောကပွေနေတဲ့ Jimin သည်လည်း ထူးဆန်းသလို ရယ်သံပိုင်ရှင်လေးကိုကြည့်လိုက်မိသည်။

"ဟိဟိ......''

သေချာပါတယ်ရယ်သံပိုင်ရှင်လေးကတော့ အများထင်​နေကြတဲ့အတိုင်းပါပဲ၊ ကုတင်ပေါ်ကနေ ပုခုံးနှစ်ဖက်နိမ့်လိုက်မြင့်လိုက်နဲ့ သူနဲ့သားကိုကြည့်ပြီးရယ်နေတဲ့ ချာတိတ်ရယ်ပါ။

"ချာ.....ချာတိတ်.......''

ထိုအခိုက်အတန့်သေချာပေါက် Jimin အသံတွေတုန်ယင်နေလိမ့်မည်ဆိုတာ၊ ရင်ဘက်တစ်ခုလုံးလည်းပေါက်ကွဲထွက်တော့မတက် လှိုက်ခုန်နေခဲ့သည်။

"အဟီး Hyung......''

ရယ်သံလေးနဲ့ Hyung လို့ခေါ်လိုက်သံလေးအဆုံးများ Jimin ပစ်စလက်ခတ်ကြီး ကြမ်းပြင်ပေါ်ကို ဝုန်းခနဲထိုင်ကျသွားတာပါပဲ၊ Ji Sang ကတော့ Jung Kook လက်မောင်းတွေကိုလှုပ်ယမ်းပြီး။

"Kook Kook.....Kook Kook သားကိုသိလားဟင်......သားကိုရော မေ့မသွားဘူးမှတ်လား...... ''

"အဟား မေ့စရာလား......ဝက်ကလေးကို ဒီက Kook Kook က မေ့စရာလားလို့........''

Jung Kook က Ji Sang ရဲ့နှာခေါင်းလေးကိုဆွဲညစ်ရင်းမှပြောလိုက်သည်။

"အဟီး......အင့်......Kook Kook မကောင်းဘူး သားက သားတို့ကိုမေ့သွားပြီးထင်နေတာ......Kook Kook လူဆိုးကြီး သားတို့ကိုစိတ်မကောင်းဖြစ်အောင်လုပ်တယ်........''

တစ်အီအီနဲ့ငိုနေတဲ့ Ji Sang ဆံပင်လေးတွေကို Jung Kook က ဖွဖွလေးသပ်ပေးရင်း Jimin ကိုကြည့်လိုက်တော့ သူ့ကိုမျက်ရည်တွေဝေ့သီနေတဲ့ မျက်ဝန်းတွေနဲ့ငေးကြည့်နေတဲ့ Jimin Hyung၊ မဝံမရဲလေးနဲ့ ခပ်တိုးတိုးသူခေါ်မိသည်။

"Hyung.......''

Jung Kook ခေါ်လိုက်တော့ Jimin က မျက်ရည်တွေကိုမျက်တောင်ဖျားတွေနဲ့ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ထလာခဲ့ကာ Jung Kook ရဲ့ကုတင်ဘေးနားမှာရပ်လိုက်ပြီး နှစ်ရှည်လများလွမ်းဆွတ်တမ်းတနေခဲ့ရတဲ့သူတစ်ယောက်လို Jung Kook ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသိမ်းကာဖက်ထားလိုက်တော့သည်၊ ပုခုံးတွေ လှုပ်ယမ်းနေပုံထောက်ရင် သေချာပေါက် Jimin ငိုနေလိမ့်မည်။

There For You (Completed)Where stories live. Discover now