28

6.8K 595 68
                                    


Zawgyi



နေမကောင်းဖြစ်ပြီးနှစ်ရက်လောက် အိပ်ယာထဲလဲသွားတဲ့ Jung Kook က ဒီနေ့တော့ ထူထူထောင်ထောင်ဖြစ်လာတယ်။

အခန်းထဲပဲငြိမ်နေရတဲ့ Jung Kook က အခုတော့ ဧည့်ခန်းက TV ရှေ့မှာငုတ်တုတ်လေး။

နေမကောင်းဖြစ်နေတဲ့ နှစ်ရက်လုံး Jimin တို့သားအဖရဲ့ဂရုစိုက်လွန်းတဲ့ပုံကြောင့် အိမ်မှာရှိတဲ့ အဖေနဲ့အမေတောင် အမြင်ကပ်ရသည့်အထိပဲ။


"Kook Kook.......''


အားလူးကြော်တစ်ထုပ်ကို ဖောက်စားရင်း ဧည့်ခန်းမှာအေးအေးဆေးဆေး TV ကြည့်နေတဲ့ Jung Kook ဆီ Ji Sang ချက်ချင်းရောက်လာတယ်။


"Kook Kook အာလူးကြော်တွေစားနေတယ်....ဟယ် မတည့်သေးဘူးလေ.....ရော့ ရော့ ဒီကိတ်လေးနဲ့နို့ဘူးလေးပဲသောက်လိုက်နော် အားရှိအောင်....ပေး ပေး...အဲ့အထုပ်ကြီးပေး သားကို......''


ပြောလည်းပြော ဇိုးဇိုးဇက်ဇက်နဲ့ Jung Kook လက်ထဲက အာလူးကြော်အထုပ်ကြီးကိုယူ၊ နို့ဘူးနဲ့ကိတ်ပန်းကန်ကိုရှေ့ချပေးလိုက်တယ်။

Jung Kook ဒီသားအဖကို အစကတော့ ကြည့်မရရုံပဲ အခုတော့ တော်တော့ကိုအမြင်ကပ်နေပြီ။

နှစ်ရက်လောက်လေးဖျားလိုက်တာနဲ့ လူကိုဟိုဟာမလုပ်ရဒီဟာမလုပ်ရ၊ ဟိုဟာမစားရဒီဟာမစားရဆိုပြီး မွေးကာစကလေးတစ်ယောက်လို ပြုမူဆက်ဆံနေကြတာ။



"နို့သောက်လေ Kook Kook ကိတ်လေးလည်းစား အားရှိအောင်...... ''


ပြောပြီး ဟီးခနဲရယ်ပြကာ သူ့ဘေးလာထိုင်တဲ့ Ji Sang ကို Jung Kook မျက်စောင်းထိုးပစ်လိုက်တယ်။

တကယ်ပါ တကယ်မလိမ်ဘူး ဆရာသိပ်လုပ်လွန်းတဲ့ ဒီဗိုက်ပူကောင်ကို သူနရင်းတီးချင်နေပြီး။




"ဟယ်.....သူများကိုမျက်စောင်းထိုးတယ်ကြည့်စမ်း....သားက Kook Kook ကို စိုးရိမ်လို့ ချစ်လို့ စိတ်ပူလို့ ပြောနေတဲ့ဟာကို.........''



မျက်နှာကိုမဲ့ နှုတ်ခမ်းကိုရွဲ့ကာပြောလာတဲ့ Ji Sang ပုံစံက တကယ့်ကိုကန်ပစ်ချင်စရာလေး။


"စေတနာတွေကိုနားလည်စမ်းပါ Kook Kook ရယ်......လိမ္မာရင်အားလုံးက Kook Kook အတွက်ချည်းပဲ......''


There For You (Completed)Where stories live. Discover now