10

9.7K 884 44
                                    




Zawgyi



"Jung Kook....ဟိုမှာ မင်း Hyung.....''

စားနေရင်းမှ Bam Bam ပြောလိုက်တာကြောင့် စားလက်စ ပီဇာကို ချပြီး အနောက်လှည့်ကြည့်မိလိုက်သည်။

ဆိုင်ထဲကို မျက်လုံးတစ်ချက်ဝှေ့ပြီး ဝင်လာတဲ့ Jimin Hyung။

တွေ့နေကျပုံစံအတိုင်း Shirt လက်ရှည်အနက်တစ်ထည်ကို တံတောင်ဆစ်အထိ လက်ခေါက်ကာ ဝတ်ထားသည်က ခပ်မိမိ။

ထို့အပြင် အညိုရောင် Sun Glass တစ်လက်ကို စတိုင်ကျကျ တပ်ထားပြီး ပုံစံက ချောမွေ့နုသစ်နေသည်။

"မင်း Hyung နဲ့ အဲ့အမျိုးသမီးက ဘာလဲ.....အမြဲတစ်တွဲတွဲတွေ့တယ်နော်.....''

ကြည့်နေရင်းမှ Bam Bam ရဲ့ နောက်ဆက်တွဲ စကားကြောင့် သူကိုယ်တိုင်လည်း မျက်မှောင်ကြုံ့ လိုက်မိသည်။

Hyung ရဲ့အနောက်မှ အတူဆိုင်ထဲလိုက်ဝင်လာသူက Nora ဆိုတဲ့ အမျိုးသမီးပင်။

"နှစ်ယောက်သား ဘာလဲတော့ မသိဘူးနော်....ဒါနဲ့ဆို ငါမြင်တာ တစ်ခါမကတော့ဘူး.....''

"Bam Bam ဝိုင်းပြောင်းရအောင်ကွာ.....''

"ဟ...ဘာဖြစ်တာလဲ မင်းကလည်း.....''

Bam Bam က Hyung တို့ရှိရာဘက်ကို မျှော်ကြည့်လိုက်ရင်းမှ သူ့ဘက်ကို ပြန်ကြည့်ကာ ထူးဆန်းသလို ပြောသည်။

"မင်းမပြောင်းရင်လည်း နေခဲ့ကွာ.....''

ပြောလည်းပြော သူထောင့်စွန်းက လွှတ်နေတဲ့ ဝိုင်ဆီသို့ ခပ်သွက်သွက် သွားလိုက်သည်။

"ဟ...နေပါအုံးကွ မင်းကလည်း.....''

သူ့ရဲ့ ရုတ်တရက်အပြုအမူကြောင့် Bam Bam ကလည်း အနောက်ကနေ ခပ်မြန်မြန် ထလိုက်လာရသည်။

"မင်းကလည်း ဘာဖြစ်တာလဲ.....မင်း Hyung နဲ့တွေ့တာပဲကို...ငါတို့ဝိုင်းကို သူရှင်းပေးရင် ရှင်းပေးမှာပေါ့..... ''

"ငါ မတွေ့ချင်ဘူး.....''

"ဟမ်း!.....''

သူတို့အခု ထိုင်နေသောဝိုင်းက Hyung တို့ဘက်က ကြည့်ရင် မမြင်ရပေမယ့် Hyung တို့ထိုင်နေသော ဝိုင်းကိုတော့ သူတို့ဘက်က ကြည့်လျှင် သေချာမြင်နေရသည်။

There For You (Completed)Where stories live. Discover now