11

9.1K 823 118
                                    



Zawgyi


မျက်လုံးနှစ်ဖက်ကလည်း ကျိန်းစပ်နေသလို ခေါင်းထဲမှာကလည်း မူးနောက်နောက်ရီဝေဝေ။

ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်လိုက်သည်။

တင်းကြပ်ကြပ် ဖြစ်နေတဲ့ ခန္တာကိုယ်က လှုပ်မရတာကြောင့် သေချာကြည့်မိတော့ ကိုယ်ရောက်နေတာက ရင်ခွင်ကျယ်တစ်ခုထဲမှာ။

မျက်နှာကို မော့ကြည့်မိတော့ မြင်တွေ့လိုက်ရသည်က Jimin Hyung ရဲ့ မျက်နှာချောချော။

ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်တော့လည်း ကိုယ့်အခန်းမဟုတ်သလို ဘယ်ကိုရောက်လို့ ရောက်နေမှန်းပင်မသိ။

သေလိုက်စမ်း Jung Kook ရေ မင်းတော့ ဒီပုံအတိုင်း တစ်ညလုံးအိပ်ပျော်နေတာလားပင်မသိဘူး။

Hyung ကိုကြည့်လိုက်တော့လည်း သူ့အပေါ်ပိုင်းမှာ အင်္ကျီ မပါသလို ကိုယ်ကိုယ်တိုင်ကလည်း အဝတ်မဲ့နေခဲ့သည်။

စဉ်းစားစမ်း ညက ဘာတွေဖြစ်ခဲ့တာဘာလိမ့်။

Jung Kook တစ်ယောက် စဉ်းစာရင်းမှ Jimin မနိုးအောင် Jimin လက်တွေကို အသာလေးဖယ်ကြည့်သည်။

ဒီလူကြီး ဖက်ထားတာကလည်း တင်းကြပ်နေတာဘဲ။

ပါစပ်ကလည်း ပွစိပွစိပြောရင်းမှ Jimin လက်တွေကို ဖယ်ကြည့်ပြန်သည် မရ။

ကြာလာတော့ လူကဒေါသတွေ ထွက်လာခဲ့သည်။

ဘယ်လိုရုန်းရုန်း ရုန်းမရတဲ့ အဆုံး လက်မောင်းသားကို သွားချွန်ချွန်လေးတွေနှင့် ဆွဲကိုက်လိုက်လေတော့သည်။

"အာား!!!...."

ကိုက်လိုက်တာကြောင့် Jimin ကလည်း ရုတ်တရက် ထအော်လေတော့သည်။

"Jungkookie ဘာလို့ကိုက်တာလဲ.......''

Jimin တစ်ယောက် အိပ်ချင်မူးတူးနှင့် သွားကိုက်ရာအကွင်းကြီးကို ကြည့်ပြီး Jung Kook ကို အော်လေတော့သည်။

"ခင်ဗျားကြီး ဖယ်မှ မဖယ်ပေးတာ......''

"ဟ...အိပ်ပျော်နေတာ သိမှ မသိတာ......''

"အိပ်ပျော်နေတာတောင် သူများကို အသားယူပြီး အတင်းဖက်ထားတယ်......နှာဘူးကောင်ကြီး အင်္ကျီ လည်း မဝတ်ထားဘူး.......''

There For You (Completed)Where stories live. Discover now