26

6.8K 616 152
                                    

Zawgyi

စားပွဲပေါ်က တင်ထားတဲ့ဖိတ်စာပုံစံစာရွက်လေးကြောင့် Jung Kook မျက်မှောင်ကြုံ့သွားတယ်။

ကြည့်လိုက်တော့ မွေးနေ့ပါတီဖိတ်စာ။

ဖိတ်စာပေါ်က ထိုးထားတဲ့နာမည်ကြောင့် Jung Kook မျက်နှာကအလိုမကျသလို စူပုတ်သွားပြန်တယ်။

ထိုအချိန်ရေချိုးခန်းထဲက တပတ်တစ်ထည်နဲ့ခေါင်းသုတ်ပြီးထွက်လာတဲ့ Jimin.....

အိမ်နေရင်း တီရှပ်လည်ဝိုင်းအဖြူနဲ့ ချည်သားဘောင်းဘီအဖြူပွပွကိုပဲ ဝတ်ထားတာတောင် သူ့ Hyung က အရမ်းကြည့်ကောင်းနေတာ။

ဆံပင်ကိုဆွဲခါလိုက်တဲ့ပုံစံကိုက လုံးဝကိုကြွေချင်စရာကြီး။

ကြည့်ရင်းတွေးရင်းနဲ့ကို Jung Kook ရဲ့မကျေနပ်မှုတွေက အလုံးအရင်းနဲ့ပေါ်လာတယ်။

"ချာတိတ် ဘာပြောမလို့လဲ....... ''

"ပြောစရာရှိမှ Hyung ဆီလာရမှာလား......''

စကတည်းကိုကအကန်စကားနဲ့စတာ၊ မျက်နှာကြီး စူပုတ်ကောက်ချိတ်နေတာကိုတွေ့ကတည်းက ဒီကလေးသူ့ကိုတစ်ခုခုအလိုမကျဘူးဆိုတာ Jimin တို့ကအလိုလိုအထာနပ်ပြီးသား။

"မဟုတ်ပါဘူးကွာ....ကိုယ့်အခန်းထဲမလာစဖူးဆိုတော့ ကိုယ်ကတစ်ခုခုပြောစရာများရှိလို့လားလို့......''

သူပြောတော့ မျက်နှာကိုမဲ့ကာ မျက်စောင်းတစ်ချက်က ဒိုင်ခနဲ သူဆီရောက်လာတယ်။

"သားရော ဒီနေ့သားနဲ့ဂိမ်းမဆော့တော့ဘူးလား......''

"ဂိမ်းဆော့ရအောင် ကျွန်တော်က ကလေးလား......''

"အင်းလေ......''

"ဟာဗျာ.....တော်စမ်းပါ....ရှင်း!....အခုရှင်း ဒီဖိတ်စာကိစ္စ.......''

Jimin အကြောင်းအရင်းကို သေချာသိသွားတော့ ခပ်ဖွဖွရယ်မိတယ်။

ဒါသူ့ကို သဝန်တိုပြီး စိတ်ကောက်နေတာပေါ့။

ကလေးဆန်ပြီး သဝန်တိုနေတဲ့ပုံစံလေးက တစ်မျိုးချစ်ဖို့ကောင်းနေပြန်သည်။

"မရယ်နဲ့! ဖိတ်စာကိစ္စရှင်းလို့ပြောနေတယ်.......''

"ဪ......Nora မွေးနေ့လေ.......''

There For You (Completed)Where stories live. Discover now