31

6.6K 558 53
                                    

Zawgyi

"ချာတိတ် ပြီးပြီလား......ပြီးရင်ထမင်းသွားစားရအောင်လေ........''

ရုံးခန်းအလုပ်စားပွဲရဲ့ ကွန်ပြူတာရှေ့မှာ ကွန်ပြူတာထဲခေါင်းဝင်တော့မတက်အလုပ်များနေတဲ့ Jung Kook ရယ်ပါ၊ ဒီကောင်လေးက ဒီလို့ကျတော့လည်း တအားလိမ္မာသွားပြန်ရောဟု Jimin စိတ်ထဲကနေတွေးလိုက်မိသည်။

"ပြီးတော့မယ် Hyung ခဏလေးပဲ ဒီလချုပ်စာရင်းတွေလက်စသပ်ပြီးရင် ပြီးပြီ........''

သူ့ဘက်ကိုတစ်ချက်လှည့်ကြည့်ပြီးပြောကာ ကွန်ပြူတာရှေ့မျက်လုံးပြန်ရောက်သွားတဲ့ကောင်လေးကြောင့် Jimin ပြုံးလိုက်မိသည်၊ သားက မူကြိုစတတ်နေရပြီဖြစ်တာကြောင့် အိမ်မှာတစ်ယောက်ထဲပျင်းနေတဲ့ ချာတိတ်က သူနဲ့အတူရုံးကိုလိုက်လာခဲ့တာဖြစ်သည်၊ ပေါ့ပေါ့ပါးပါးတီရှပ်တစ်ထည်နဲ့ ဘောင်းဘီတိုတစ်ထည်ကိုသာ ဝတ်ထားလည်း ဒီကောင်လေးအားနည်းချက်က ဘယ်လိုဝတ်ဝတ်ချစ်ဖို့ကောင်းနေတာဖြစ်မည်။

အခုလည်း ကွန်ပြူတာရှေ့မှာ အားကြိုးမာန်တက်နဲ့ စားရင်းတွေကြားကောင်းမဖော်နိုင်အောင်ဖြစ်နေတဲ့ကောင်လေးဟာ အလုပ်သရဲလေးတစ်ကောင်လိုပဲ၊ ချစ်ဖို့လည်းကောင်းသလို ချစ်ပစ်ချင်တဲ့စိတ်တွေလည်းပေါ်ပေါ်လာတာကို တားမရဘူး။

မျက်လုံးသိပ်မကောင်းတဲ့ Jung Kook က ကွန်ပြူတာကြည့်တော့လည်း သူစာကြည့်ရင်တပ်နေကြမျက်မှန်အဝိုင်းကလေးကိုတပ်ထားရသည်၊ ရှေ့ဆံပင်တွေရှည်ပြီး မျက်လုံးရှေ့စူးနေတာကို ခဏခဏသပ်တင်ရင်းအလုပ်ရှုပ်နေတာကြောင့် မနေနိုင်တဲ့ Jimin ကပဲထိပ်ကနေစုပြီး သရေကွင်းတစ်ကွင်းနဲ့ယောင်ပေစူးလေးစီးထားပေးလိုက်ရသည်။

အလုပ်များနေတဲ့ကောင်လေးဟာ မျက်မှန်ဝိုင်း၊ ကြက်တောင်စီးလေးနဲ့ တအားချစ်ဖို့ကောင်းနေတာကို Jimin တစ်ယောက်ကိုယ့်အလုပ်ကိုဆက်မလုပ်နိုင်ပဲ အကြာကြီးငေးနေမိသေးသည်။

"Hyung......Hyung!....Hyung လို့!!"

မျက်နှာရှေ့လက်ဝါးလေးကာရင်း လက်ဖျောက်တစ်ချက်တီးလိုက်တဲ့ Jung Kook ကြောင့် ငေးနေရာမှ Jimin ရဲ့အတွေးစတို့ရပ်တန့်သွားသည်။

There For You (Completed)Opowieści tętniące życiem. Odkryj je teraz