6

11.4K 1K 26
                                    



Zawgyi

"Hyung.... ''

Dream Bad ခင်းပြီး ထိုင်မလို့ဘဲ ရှိသေးသည် Jungkookie နှင့် Ji Sang က အခန်းရှေ့မှာ....

"ဒီမှာ Hyung Passwords ထည့်ထားတာလား.....''

"ဟုတ်တယ်.....''

Dream Bad မှာ မထိုင်ဖြစ်သေးပဲ စားပွဲဆီကို လျှောက်သွားတော့ Jungkookie က Laptop ကို ပိုက်၍ ဦးဆောင်ဝင်လာသည်။

"Appa ကလည်း သားရဲ့ Laptop မှာရောပဲ....''

"အဲ့ဒါ ဘာဖြစ်လဲ..... ''

"သားတို့ ဘားမှ လုပ်လို့ မရတော့ဘူး....''

"မလုပ်ရဘူး....မလုပ်စေချင်လို့ တမင်ထည့်လိုက်တာ....ဒီမှာ.... ''

သူနှစ်ယောက်လုံးဘက်ကို လှည့်၍ ရပ်လိုက်ကာ....

"ဒီနေ့ ကစပြီး နောက်ထပ် Appa ခွင့်မပြုမချင်း ဘယ်သူမှ Laptop မသုံးရဘူး.....''

"Hyung!....''

Jung Kook အော်သံကြောင့် Jimin က ပြန်စိုက်ကြည့်သည်။

"ကျွန်တော်က project အတွက် ပြင်ဆင်ထားတာတွေရှိတယ်....''

"ဘာ project လဲ....project ဆိုပြီ တစ်နေ့ တစ်နေ့ စာမလုပ်ဘဲ Ji Sang နဲ့ ဂိမ်းကြီးပဲ လိမ့်လိမ့်ဆော့နေတာ ငါမသိဘူးများမှတ်နေလား....''

Jung Kook မျက်နှာ တည်တည်လေးနှင့် ချာခနဲ ပြန်လှည့်သည်။

"နေအုံး.....''

Jung Kook ခြေလှမ်းတုံ့ သွားတော့မှ Jimin က Ji Sang ကိုကြည့်၍...

"သား အပြင်ခဏ ထွက်ပေးအုံး...Appa တို့ စကားပြောစရာ ရှိတယ်....''

Ji Sang က Jung Kook ကို မျက်လွှာလေး ပင့်ကြည့်ုပီး တစ်ခုခု ပြောခဲ့ချင်သလို လုပ်နေသေးသည်။

ပြီးမှ ခေါင်းလေးတစ်ချက်ဖွပြီး ထွက်သွားသည်။

"Jungkookie ဒီးဘက်ပြန်လှည့်....''

လှည့်လာသည့် မျက်နှာလေးက နှုတ်ခမ်းဆူလျှက်....

ပါးဖောင်းဖောင်းလေး နှစ်ဖက်ကြောင့် နှုတ်ခမ်းထော်ထားတာကပင် ချစ်စရာ ကောင်းနေသည်။

Jimin က Jung Kook လက်ဖဝါးလေးတွေကို သွားဆွဲ၍ စားပွဲက ကုလားထိုင် မှာ ထိုင်ခိုင်းသည်။

There For You (Completed)Where stories live. Discover now