angel part 9

3.2K 346 52
                                    


Zawgyi


"ဟယ် jin လေးတို့ ဘယ်လို ရောက်လာကြတာတုန်း.....''

jin - ဒီလိုပဲ arjima ရေ.....မရောက်တာ ကြာတော့ရောက်လာကြတာ.... အငယ်ကောင်တွေကလည်း လာချင်တယ်ဆိုလို့....

arjima - အားလုံးပါတယ်ပေါ့......

jin - ပါတယ်...ပါတယ်... ဟိုမှာ လာကြပြီး....''

jin တို့ညီအကို တွေ Jeju က အပန်းဖြေအိမ်ကို ထွက်လာကြခြင်း ဖြစ်သည်။

hope - Hello Min Hay arjima နေကောင်းလား

arjima - ကောင်းပါ့တော်....omo wori hope လေ မတွေ့တာကြာလို့ ပိုပြီးချောလာတယ်

hope - arjima က အမြင်ရှိတယ်

yoongi - arjima ဒါနဲ့ Seung Ho Arjushi ရောမတွေ့ပါလား

arjima - ဆိုင်အတွက် လိုတာတွေသွားဝယ်တယ်လေ...ခဏနေ ပြန်ရောက်လိမ့်မယ်

tae&jimin - arjima ဗိုက်ဆာတယ်

arjima - ဟယ်ကြည့်ပါအုံး  အမွှာလေးနှစ်ယောက်တောင် တော်တော်ထွားလာကြတယ်....jimin လေး အရင်တစ်ခေါက်လားတုန်းက ပေါက်စလေး အခုအရပ်တွေရှည်လာတယ်

jin - arjima ဘာ ကူပေးရအုံးမလဲ

arjima - နေ နေ ရတယ်....arjima ဘာသာလုပ်မယ်...အယ် ဒါနဲ့ ဒီ ပိစိလေးက ဘယ်သူတုန်း...ချစ်စရာလေး

yoongi နောက်မှာ ရပ်နေတဲ့ kookie ကို မြင်တော့ arjima က မေးလိုက်သည်။

yoongi - ကျွန်တော်တို့ညီ အငယ်ဆုံးလေးလေ....မွေးစားထားတာ

arjima - ဟယ်..တကယ်.... ကြည့်ပါအုံး ချစ်စရာလေး ကလေး နာမည်ဘယ်လိုခေါ်လဲ

yoongi - သူ့နာမည်က kookie....kookie လာ ဒါက hyung တို့ရဲ့ arjima Yoo Min Hay တဲ့

kookie - Nae...arjima က လှတယ်နော်...

arjima - omo ကျေးဇူး တင်ပါတယ် ကလေးရယ်

kookie - kookie ကို ဘာမုန်ကြွေးမှာလဲဟင်

ရုတ်တရက် မေးလိုက်တဲ့ kookie ကြောင့် အားလုံးကြောင်သွားကြသည်။

ပြီးမှ kookie ကိုကြည့်ပြီး ဝိုင်းရယ်ကြလေသည်။

kookie - ဘာဖြစ်လို့ ရယ်တာလဲဟင်....လှတယ်လို့ပြောရင် မုန့်ကြွေးရတယ်လေ....JJ ပူဇာဆိုင်က JB nuna နဲ့ JR nuna ဆိုရင် kookie က သူတို့ကို လှတယ်လို့ ပြောတိုင်း kookie ကို အမြဲ ပူဇာကြွေးတယ်

Our Angel Baby Brother (Completed)Where stories live. Discover now