angel part 11

3K 326 21
                                    


Zawgyi


tae - jin hyung ဘယ်သွားမလို့လဲ

မနက်စောစောစီးစီး ဖီးလိမ်းပြင်ဆင်နေတဲ့ jin ကိုကြည့်ပြီး tae ကမေးသည်။

jin - အိမ်အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်မလို့

tae - hyung တစ်ယောက်ထဲလား

jin - kookie နဲ့ yoongi လည်း လိုက်လိမ့်မယ်

tae - ကျွန်တော့ကိုကျ မခေါ်ဘူး

jin - အပိုတွေလုပ်မနေနဲ့ ငါအပြင်သွားရင် မင်းဘယ်တုန်းက လိုက်ဖူးလို့လဲ

tae - hyung ကလည်း kookie ပါတယ်မှတ်လား လိုက်ခဲ့မယ်နော် နော်လို့

jin က tae ရဲ့ ပုံစံကိုကြည့်ပြီး....ဒီကောင်ဘယ်တုန်းက သူခေါ်ရင် လိုက်ဖူးလို့လဲ kookie လိုက်မယ်ပြောလိုက်တာနှင့် ချက်ချင်းကို လိုက်မယ် ဖြစ်သွားတယ်။

jin - ငါတို့က အခုသွားတော့မှာ မင်းဒီပုံစံနဲ့ လိုက်မလို့လား

tae သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်း....

tae - ရတယ် ဒီအတိုင်းပဲ လိုက်ခဲ့မယ်နော် hyung

မလိုက်ခိုင်းမှာဆိုး၍ tae တစ်ယောက် အင်္ကျီပင်မလဲတော့ဘဲ ချိတ်ထားတဲ့ လောင်းကုတ်အရှည်ကြီးကို ထပ်ဝတ်လိုက်သည်။

မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် မလိုက်ခိုင်းမှာစိုး၍ cute eye တွေ puppy eye တွေ အတင်း လုပ်ပြနေတဲ့ tae ကို ကြည့်ပြီး jin တစ်ယောက် ရယ်ချင်လာသည်။

jin - ပြီးရော လိုက်ခဲ့

ကားပေါ်ရောက်တော့ yoongi က ကားမောင်းကာ ခေါင်းခန်းက yoongi ဘေးမှာ kookie ကထိုင်သည်။

အနောက်ခန်းမှာ tae နှင့် jin တို့က ထိုင်ကြသည်။

jin - yoongi namjoon က ဘယ်သွားတာလဲ

yoongi - libery သွားမယ်ပြောပြီး မနက်ကတည်းက ထွက်သွားတာပဲ hyung ရဲ့ ဘာဖြစ်လို့လဲ

jin - ဘားမှ မဖြစ်ပါဘူး မနက်ကတည်းကမတွေ့လို့မေးကြည့်တာ

kookie - hobi hyung နဲ့ jimin hyung ကရော ဘာလို့ မလိုက်တာလဲ

Our Angel Baby Brother (Completed)Where stories live. Discover now