angel part 18

2.7K 324 34
                                    



Zawgyi


cupid - ဟဲ့ ပလုပ်တုတ် kookie ဘာလို့ ဒီမှာလာထိုင်နေတာလဲ

kookie - စိတ်ညစ်လို့

ပြောလည်းပြော ခြေပစ်လက်ပစ်ကြီး အိမ်ရှေ့လှေကားရင်းမှာ ထိုင်နေတဲ့ kookie ကြောင့် cupid မျက်လုံးပြူးသွားရသည်။

ဒီကလေး သူ့အကိုတွေကို တွေ့ချင်တယ် ဆိုလို့ Jeon နတ်မင်းကြီးကို ပူစာပြီးအတင်း လာခဲ့တာ မဟုတ်လား။

အခုက ဘာဖြစ်ရပြန်တာတုန်း။

cupid တစ်ယောက် kookie ဘေးမှာ အသာထိုင်ချလိုက်ပြီး ပူနေတဲ့ဗိုက်ကို လက်တစ်ဖက်နှင့်ပွတ်၍ စဉ်းစားနေမိသည်။

cupid - ဘာတွေစိတ်ညစ်နေတာလဲ kookie ရယ် ပြောတော့ Hyung တွေကို သတိရတယ်ဆို အခုကျတော့ အိမ်ထဲလည်းမဝင်ဘဲနဲ့

kookie - အဲ့ Hyung တွေကို စိတ်ဆိုလို့

cupid တစ်ယောက် မျက်လုံးထပ်ပြူးသွားပြန်သည်။

သူ့အကိုတွေကို ချစ်လွန်းလို့ ဒီကိုလိုက်လာခဲ့ပြီးမှ အခုတော့ သူ့အကိုတွေကို စိတ်ဆိုပြန်သည်တဲ့။

ဒီကလေး စိတ်ကို လိုက်လို့ပင် မမှီတော့။

cupid - cupid ကိုလည်း သေချာနားလည်အောင် ရှင်းပြပါအုံး kookie ရယ် ဘာဖြစ်လို့ Hyung တွေကို စိတ်ဆိုးရတာလဲ

kookie - Hyung တွေက kookie ကို မမြင်ကြဘူး...အီး..ဟီး...ဟီး သူတို့တွေက kookie ကို အရေးလည်း မစိုက်ကြဘူး အီး   ဟီး...ဟီး

ပြောလည်းပြော kookie တစ်ယောက် မျက်ရည်က ဘူးသီးလုံးလောက်ကို ကျလာသည်။

kookie ရဲ့ စူးရှရှအော်ငိုသံလေးကြောင့် cupid ပင် နားနှစ်ဖက်ကို ခပ်မြန်မြန် ပိတ်လိုက်ရသည်။

ပြဲပြဲစင်အောင် ငိုချင်းချနေသည့် ဆရာ kookie ကို အငိုတိတ်သည့်အထိ cupid မှာလည်း စိတ်ရှည်လက်ရှည် စောင့်နေရသည်။

kookie - cupid ကြီးပဲ စဉ်းစားကြည့်လေ သူတို့ ခြောက်ယောက်လုံးကို သတိရလွန်းလို ပြန်လာတာကို သူတို့က kookie ကို ဂရုမစိုက်ကြဘူး အဲ့ဒါဖြစ်သင့်ရဲ့လာလို့

cupid - ဟုတ်ပ မဖြစ်သင့်တဲ့ကိစ္စပဲလေ

နှစ်ယောက်သား အိမ်ရှေ့လှေကားရင်းမှာပင် ဆွေးနွေးခန်းဖွင့်နေကြတာဖြစ်သည်။

Our Angel Baby Brother (Completed)Where stories live. Discover now